❣️သောက်ကျိုးနည်းဖူးစာ❣️
"အဖွား……ဟိုကောင်လေးရော
နေ့လည်စာမစားဘူးလား"
"မြေးချန်လေးက အိပ်နေတာထင်တယ်မြေးရဲ့
သူ့ခမျာ လှေကားကို ဆင်းလိုက်တက်လိုက်လုပ်ရတာ ပင်ပန်းသွားရောပေါ့ကွယ်"
"အဲ့လောက်လေးကို ပင်ပန်းလို့ဖြစ်မလားအဖွားရဲ့…လူပဲ ကိုယ်တာဝန်ကိုယ်ယူတက်ရမှာလေ
မရဘူး……ကျနော်သွားနှိုးမယ်
အချိန်နဲ့အချိန် ထမင်းစားရမယ်"
သွားနှိုးမယ်တကဲကဲမြေးဖြစ်သူကို အဖွားကဆွဲထားရသည်။
"နေပါအုံးမြေးရယ်……
အဖွားပြောတာ ခဏနားထောင်အုံး"
"အဖွားက ဘာပြောမလို့လဲ"
"မြေးချန်လေးက အခုမှကျောင်းသားလေ
ကလေးပဲရှိသေးတယ် အရမ်းကြီး မတင်းကျပ်ပါနဲ့ကွယ်"
ကလေးတဲ့။ ဒီအရွယ်ကြီးက။
လင်ယူရင်တောင်သူကဦးအောင်စော်မဲ့ရုပ်။
"ကျနော်ကတင်းကျပ်တာမဟုတ်ဘူးလေအဖွား
ဒါကဖြစ်သင့်ဖြစ်ထိုက်တာတွေ
သူ့အရွယ်နဲ့ ကလေးလဲမဟုတ်တော့ဘူး
ဒီလောက်တော့သူသိတယ်
မရဘူးနော် အဖွားတို့ပဲ ပြောထားလေ
ကျနော့်အိမ်ထောင်ဘက်ကို ကျနော်ကိုယ်တိုင်
ပြောင်းလဲဆို……"
"ဒါပေမဲ့လဲ မြေးရယ်………"
"ဒါပေတွေ……ဟိုပေတွေမဲ့ မနေနဲ့အဖွား
ကျနော်ကတော့ ကျနော်လိုချင်တဲ့ပုံစံ ပြုပြင်ရမှာပဲ သူ့မိဘတွေ အလိုလိုက်လွန်းလို့
အဲ့ဝက်ပုတ်က ဆိုးနေတာ ကျနော်နဲ့တော့ မရဘူး"
အပြောထက်အလုပ်ကမြန်သောကြောင့်
ခြေထောက်များက လှေကားစီရောက်ပြီးဖြစ်သည်။အိမ်နေရင်းမို့ ဘောင်းဘီဖားယားကြီးဖြစ်သလိုဝတ်ထားတာကြောင့် နဂိုထက်ပိုရှည်ကာ အောက်ပုံနေပြန်သည်။
အသွားမတော် တစ်လှမ်းဆိုသလို
မတော်ရာသွားမိတော့ ………။
"ဗုန်း………"
"အား……ရိုး……ကျွတ်……ကျွတ်"
"အဲ့ဒါပြောတာပေါ့ မြေးရယ်
ဒေါသရှေ့ထားရင်မှားတက်တယ်ကွဲ့"
"အဖွားကလဲဗျာ……"
ကိုယ့်မြေးအဖိုးတန်လေး လှေကားပေါ်က ပြုတ်ကျတာကို လာမထူတဲ့အပြင် ဆုံးမစကားလှမ်းပြောသော အဖွားကိုတော့ အချစ်တိုးရပါသည်။
ဒီနေ့ ဒိုဂယောင်ဆူးကံကောင်းမပါ။
မနက်က ဝက်ဖိခံရတယ်။
နေ့လည် လှေကားပေါ်ကပြုတ်ကျတယ်။
ဒါကတော့ ကိုယ့်ဘောင်းဘီစကို တက်နင်းမိလို့။
ညနေကျရင် ဘာများဖြစ်အုံးမှာပါလိမ့်။
