Part 21

407 54 13
                                        

🍁သောက်ကျိုးနည်းဖူးစာ🍁

"မြေးကြီး မျက်နှာလဲမကောင်းပါလား
မြေးငယ်ကိုသွားမကြိုဘူးလား"

"အဖွားရယ် သည်းငယ်ကကျနော့်ကို တွေ့ချင်ပါ့မလား"

"မြေးကြီးဘာဖြစ်နေတာလဲ မနေ့ကမြေးငယ်တို့အိမ်သွားပြီးပြန်လာကတည်းက မျက်နှာမကောင်းတာ ဘာဖြစ်တာလဲအဖွားကိုပြောစမ်း"

"အဖွား……"

"ပြော မြေး"

"သည်းငယ်ကလေ ကျနော်နဲ့လက်မထပ်ချင်ဘူးတဲ့
သဘောတူထားတာကိုဖျက်ပေးပါတဲ့ အဖွားရယ်"

"ဘာပြောတယ် မြေးငယ်က!
ဒီကောင်လေး ဘာအချိုးလုပ်တာလဲ
အဖွားမြေးကဘာတွေများလိုအပ်ချက်ရှိလို့
သူက လက်မထပ်ချင်တာတဲ့လဲ
အစကတော့ သူပဲချစ်လှပါချည်ရဲ့ဆို
နေစမ်းအုံး အဖွားကိုယ်တိုင် အဲ့ဒီအိမ်ကိုသွားပြောအုံးမယ်"

"မပြောပါနဲ့အဖွားရယ်
သည်းငယ်ရောက်မှ ကျနော်သေချာမေးပါ့မယ်
သည်းငယ်က နောက်တာလဲဖြစ်ချင်ဖြစ်နေမှာပါ"

အဖွားကို ဖြောင်းဖြနေပေမဲ့ ကိုယ်တိုင်ကတော့
ရင်ထဲမှာ ပူလောင်နေရသည်။

"သွားမြေးကြီး ပြင်ဆင်ပြီး လေဆိပ်ကိုလိုက်သွား
တခါထဲအပြတ်မေးခဲ့"

"မသွားချင်ဘူးအဖွား
လာမကြိုစေချင်လို့ သည်းငယ်ကပြန်လာမဲ့အကြောင်းတောင်မပြောတာလေ
ကျနော့်ကိုမြင်ရင် သည်းငယ်အနေရခက်နေလိမ့်မယ်"

"ဒါဆိုအဖွားက အဖွားမြေးခံစားနေရတာကို
ဒီတိုင်းကြည့်နေရမှာလား မြေးမသွားရင် အဖွားသွားမယ်"

"အဖွားရယ်… ဒါဆိုလဲကျနော်ပဲသွားပါ့မယ်
ချန်းယောလ်လီကဘာပဲပြောပြော ကျနော့်ဘက်ကလက်ခံမှာမို့ အဖွားကတော့ သူ့ကိုအပြစ်မမြင်ပါနဲ့နော်"

"အမလေးမြေးရယ် ကိုယ့်ကိုမကြင်နာတဲ့သူကို
မြေးကဘာလို့များ ကာကွယ်ချင်နေရတာလဲ
အဖွားဖြင့်နားကိုမလည်ဘူး"

"ချစ်လို့ပေါအဖွားရယ်
ကျနော်ကသည်းငယ်ကိုအရမ်းချစ်လို့ပါ
သည်းငယ်ကပျော်တယ်ဆို ကျနော်ကလက်လွှတ်ပေးရလဲကျေနပ်ပါတယ်"

သောက်ကျိုးနည်းဖူးစာ (Completed)Donde viven las historias. Descúbrelo ahora