Part 22 (Final)

947 67 25
                                        

🍁သောက်ကျိုးနည်းဖူးစာ🍁

"မြေးကြီး…မြေးငယ်"

"အဖွား ခဏလေး ချန်းပြီးမှပြန်ဆင်းလာမယ်"

အဖွားခေါ်နေတာကို ချန်းယောလ်ပြန်ဖြေထားခဲ့ပြီး
ကိုကို့အား အပေါ်သို့ဆွဲခေါ်လာခဲ့သည်။

"ချန်းယောလ်လီ အဖွားနဲ့အရင်စကားပြောရအောင်လေ"

"နောက်မှ"

"ဟ! အမလေး"

ရက်ကန်ရက်ကန်လုပ်နေသောကိုကို့အားဆွဲ့ပွေ့ကာ လှေကားအတိုင်းတက်လာခဲ့သည်။

"ဘာလို့ ဇွတ်လုပ်ရတာလဲ
နှစ်ယောက်လုံး ပြုတ်ကျကုန်တော့မယ်"

"ကိုကိုပဲကြည့်မယ်ဆို မောင်ကပြမလို့လေ"

"မ…မောင်…ဘယ်ကမောင်တုန်း"

"ဒီကမောင်ဗျာ"

ချန်းယောလ်ကရင်ဘတ်ကိုပုတ်ကာပြောတော့
ကိုကိုက တဟားဟားရယ်လေတော့သည်။

"မရယ်နဲ့လေကိုကိုရာ…မောင်လို့ပြောတာ ရယ်စရာပါလို့လား"

"ခွီး…မောင်တဲ့ သည်းငယ်ရယ်
မထော်မနန်းတွေ"

"သည်းငယ်မဟုတ်တော့ဘူး မောင်ဖြစ်နေပြီ
နောက်ဆိုမောင်ပဲခေါ်တော့"

"အဲ……ဟိုးကတည်းက သည်းငယ်ခေါ်လာတာလေ
ဘယ်လိုကြောင့် မောင်လဲ ကိုကိုမကြိုက်ပါဘူး"

"ကိုကို မကြိုက်လဲမောင်ကြိုက်တယ်
ခေါ်"

"မောင်တွေ သည်းငယ်တွေ ခဏထား
ပြမယ်ဆိုတာဘာလဲ"

ဇွတ်ကိုကြည့်ချင်နေသည့်ကိုကို့ကြောင့်
ချန်းယောလ်အကျီ င်္တွေဆွဲချွတ်ပစ်လိုက်သည်။

"ဟ!ဟ! ဘာလို့ချွတ်နေတာလဲ
ပြန်ဝတ်"

"ကိုကိုပဲပြဆို ဒီမယ်လေ"

သူ့လက်နှစ်ဖက်လုံးဘေးကားကာ
ရင်ဘတ်ကြီးကော့ပြသူကြောင့် ဂယောင်ဆူးမှာ ပါးစပ်ဟောင်းလောင်း။

ဘာလဲ သူ့ဗိုက်ကအဖုအထစ်တွေကိုပြတာလား။

"ဒါတွေက ဘာလုပ်ရမှာတုန်း"

"ဟာ မောင်ဒီလိုပြောင်းလဲတာတွေ ကိုကိုမြင်ရင် အံ့သြသွားအောင်လို့ဖုန်းမကိုင်တာလေ"

သောက်ကျိုးနည်းဖူးစာ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ