💙သောက်ကျိုးနည်းဖူးစာ💙
ခက်တယ်။ဗိုက်ပူ အိမ်ရောက်တာ တစ်ပတ်ရှိနေပြီ။
မနက်ခင်းတိုင်း အိပ်ယာကနှိုးနေရတုန်း။
မနက်စာစားတိုင် ဂဂျီဂဂျောင်ကျတုန်း။
ကလေးမဟုတ်ဘဲ ထမင်းစားရင် ငိုတုန်း။
အခန်းသန့်ရှင်းရေးလုပ်ဖို့လဲ အာပြဲအောင် ခိုင်းရသည်။
ရေချိုးပျင်းလွန်းတာမို့ ကြက်မွှေးကိုင်ပြီး ရေချိုးခန်းထဲဝင်ခိုင်းရတာလဲ အလုပ်တစ်ခု။
ညဘက်စာမလုပ်ချင်လို့ အစောကြီးအိပ်ချင်ယောင်ဆောင်တာကြောင့် ခြိမ်းခြောက်ရလဲ မောလှသည်။
ဒီနေ့ကျောင်းပိတ်ရက်ဆိုတော့ သူ့မိဘတွေလာမလားတော့မသိဘူး။
ဂယောင်ဆူးကတော့ ထုံးစံအတိုင်း ပိတ်ရက်လဲ အလုပ်များသည်။
ဗိုက်ပူကိုတော့ နေ့လည်စာသင်ရမည်။
"ဒေါက်……ဒေါက်……"
"ဘယ်သူလဲ"
"ယောလ်ပါကိုကို…"
"ဘာကိစ္စတုန်း"
"ပါးနဲ့မားမားက ကိုကိုနဲ့တွေ့ချင်လို့တဲ့
အဲ့ဒါအဖွားက ခဏဆင်းခဲ့ပါတဲ့"
"လာခဲ့မယ်"
မနက်စာစားပြီးကတည်းက အခန်းထဲဝင်ကာ သန့်ရှင်းလုပ်နေတာဖြစ်သည်။
ရေချိုးခါနီး လာခေါ်တာမို့ ချွတ်ပြီးသား ရှပ်အကျီ င်္ပြန်ဝတ်လိုက်သည်။
တိုနံ့နံ့ဆံပင်လေးများကိုတော့ လက်နဲ့သာသပ်လိုက်သည်။
"မြေး လာထိုင်"
"ဟုတ် အန်ကယ်တို့အန်တီတို့ ချန်းယောလ်စီလာကြတာလား"
"ဟုတ်တယ် ဂယောင်ဆူးရဲ့ ဒီနေ့ကျောင်းပိတ်ရက်မို့လာတွေ့တာလေ"
"မလာရင် မင်းညီ အဆိုးလေးက ထော်လန်နေမှာ"
"ဟုတ် ကျနော့်ကိုဘာပြောစရာရှိလို့လဲ အန်ကယ်"
လိုရင်းသာတန်းမေးလိုက်ရသည်။
ယောက္ခမလောင်းတွေကလဲရစ်ရှည်။
"တခြားတော့ မဟုတ်ပါဘူး
သားလေးကို စာသင်ရတာအဆင်ပြေရဲ့လား
စာလိုက်နိုင်လားသိချင်လို့ပါ"
"ဟုတ်ကဲ့ ချန်းယောလ်ကစာလိုက်နိုင်ပါတယ်
စာသင်ရတာတော့ နည်းနည်းအဆင်မပြေဘူးဗျ"
