🖤သောက်ကျိုးနည်းဖူးစာ🖤
"ချန်း… ဂယောင်ဆူးကိုတကယ်မတွေ့တော့ဘူးလား"
"ကျနော်ကိုကိုနဲ့မတွေ့ချင်ဘူး
ဒါပေမဲ့ တစ်ခုတော့ပြောပေးပါ
ချန်းကိုကို့ကိုစိတ်မဆိုးပါဘူးလို့"
"အေးအေး ပါးပါးပြောလိုက်မယ်
လေယာဉ်ချိန်နီးနေပြီ သားဝင်သွားတော့"
"ပါးတို့လဲပြန်တော့လေ"
"အေးပါ ချန်းလေးသွားပြီးမှပြန်မယ်"
ကိုကို့ကိုလိုက်မပို့နဲ့လို့ပြောခဲ့ပေမဲ့ ချန်းယောလ် မသိစိတ်ကရှာနေမိသေးသည်။
ချန်းယောလ်ကခဏစိတ်ဆိုးပြီးပြောတာကို
တကယ်မလာတဲ့ကတုံးကြီးဗျာ။
တနေရာကနေ မျက်ရည်စတွေနဲ့ကြည့်နေတဲ့ ဂယောင်ဆူးကိုတော့ သည်းငယ်ကမြင်နိုင်မည်မဟုတ်။
နာကျင်လိုက်တာ ချန်းယောလ်လီရယ်။
ကိုကိုရင်တွေကွဲထွက်မတက်ဘဲ။
ကျောခိုင်းသွားပြီဖြစ်သော သည်းငယ်ကို
ပြေးပွေ့ထားချင်သည့်စိတ်က ထိန်းချုပ်လို့မရ။
မှန်တစ်ခုခြားနေပြီမို့ သည်းငယ်ရဲ့ဘေးကနေလိုက်ရင်း မြင်နိုင်စွမ်းသည်အထိဂယောင်ဆူးကြည့်နေမိသည်။
ရုတ်တရက် ဘေးကိုလှည့်ကြည့်လာသည့်
သည်းငယ်ကြောင့် ပုန်းနေချိန်မရလိုက်။
ကိုကို ဟူသည့်နာမ်စားလေးကို နှလုံးသားကအတိုင်းသားကြားလိုက်မိသေးသည်။
"ကိုကိုက ကလေးအတွက် ရင်ခွင်တံခါးဖွင့်ပြီး စောင့်နေမှာမို့ အမြန်ဆုံးပြန်လာခဲ့နော် သည်းငယ်"
ပြောသည့်စကားတို့ကိုကြားသည်အလား
သည်းငယ်ကပြုံးကာခေါင်းညိမ့်ပြသည်။
"ချစ်တယ်သည်းငယ်……
ကိုကိုသည်းငယ်အချစ်ကို အကြွင်းမဲ့ယုံကြည်တယ်"
ပျံသန်းသွားသောလေယာဉ်သည် မိုင်ပေါင်းများစွာ ဝေးကွာသွားမှ အထီးကျန်စွာ အိမ်ပြန်ခဲ့ရသည်။
မိုင်တွေခြားနေပေမဲ့ ကိုကိုတို့နှလုံးသားချင်တော့ အမြဲနီးနေမယ်မဟုတ်လားချန်းယောလ်လီ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"အဖွား……ဘာတွေလုပ်နေတာလဲ"
"မင်းညီမတွေနဲ့ video callပြောနေတာ
လာမြေး……အငယ်မတို့ကမြေးကိုမေးနေတာ"
