Part 6

394 63 20
                                        

❤️သောက်ကျိုးနည်းဖူးစာ❤️

အတန်းရှေ့တွင် စာသင်နေသော ကိုကို့အား
ငေးကြည့်နေရသည်မှာ ချန်းယောလ်အတွက်နတ်သားတစ်ပါးအား
မြင်တွေ့နေရသလိုပင် အဖိုးတန်လှသည်။

တခါတလေ ချန်းယောလ်စီရောက်လာသော
ကိုကို့ရဲ့အလိုမကျသည့်အကြည့်ကိုလဲ ဂရုမစိုက်မိ။
ကိုကိုဆူရင်လဲဆူပါစေ ငမ်းရမှာပဲ။

ချန်းယောလ်လိုပဲ စာကိုစိတ်မဝင်စားဘဲ
သင်နေသော ဆရာဂျပုကိုသာ ငမ်းနေသော
ကျောင်းသူများကလဲအများအပြား။
ဒါတင်မက ယောကျာ်းလေးတစ်ချို့ပင် ကိုကို့ကိုငမ်းနေကြသေးသည်။
ငမ်းမှာပေါ့။ ကိုကိုကယောကျာ်းလေးတန်မဲ့ EXOက Ooh Sehunနီးနီး ကိတ်တာကို။
Whiteboardမှာ စာလှည့်ရေးလိုက်တိုင်း
ဂျယ်လီတုံးလေးလို လှုပ်သွားတဲ့ ကိုကို့ ဖင်က
ယောကျာ်းလေးချင်းတောင် သွားရေကျစရာ။
မဖြစ်ပါဘူး။
ကိတ်လွန်းတဲ့ကိုကို့ကို မကိတ်အောင် လုပ်ခိုင်းမှပါ။

"ဘုန်း......"

"အ......သေပြီ"

ဘာဖြစ်တယ်ထင်ကြလဲဟင်။
အငေးလွန်နေ အတွေးလွန်နေသော ချန်းယောလ်ကို အချစ်တော် ဂျပုကတုံး ကိုကိုက စာအုပ်နှင့် ရိုက်လိုက်ခြင်းပါ။
ရက်စက်တယ်ဟုလဲ မပြောလို။
ချန်းယောလ်ကိုက အလွန်းငေးကာ အငေးလွန်းနေခြင်းလေ။

"ဆ......ဆရာ......ယောလ်
ဘာလုပ်မိလို့လဲဟင်"

"ကျောင်းဆင်းနေပြီ
သူများတွေနှုတ်ဆက်တာတောင်
မင်းမသိဘူးလား"

"ဟမ်......တောင်းပန်ပါတယ်ဆရာ
ယောလ် အတွေးလွန်းသွားလို့ပါ"

"all stand"

"Good bye class"

"Good bye Teacher
Thank you Teacher"

မျက်နှာတည်ကြီးနှင့် အတန်းထဲကထွက်သွားသော ကိုကို့ကြောင့် ကျောထဲစိမ့်သွားတာတော့အမှန်ပင်ဖြစ်သည်။
ကျောင်းဆင်းတာတောင် မသိအောင် ချန်းယောလ်
ဘယ်လိုများ အတွေးများသွားတာပါလိမ့်။

ညနေကျောင်းဆင်းတော့ ကျောင်းသူကျောင်းသားတွေကုန်သည် အထိ ကိုကိုကထွက်မလာသေး။
ချန်းယောလ်မှာတော့ ကျောင်းပေါက်ကနေရပ်စောင့်နေလိုက်ရတာ။
သူကဖြင့် ထွက်လာတော့
ဆရာမတွေ ရယ်မောလို့။

သောက်ကျိုးနည်းဖူးစာ (Completed)Onde histórias criam vida. Descubra agora