💛သောက်ကျိုးနည်းဖူးစာ💛
"ကိုကို ဟိုမှာအဖွားလာပြီ"
ချန်းယောလ်လီက လူအများကြားမှအဖွားကိုလက်လှမ်းပြနေသည်။
ဂယောင်ဆူးကတော့ လူတွေကြားခြေဖျားထောက်ကာ လှမ်းကြည့်လို့ရှာနေရသည်။
"မြေးတို့ရေ……"
"အဖွား………"
သံရှည်ဆွဲကာ အဖွားစီပြေးသွားသူက ဂယောင်ဆူး၏အချစ်တုံးလေးပင်။
"လာအဖွား……ချန်းကလွမ်းနေတာ
ကိုကို အဖွားအိတ်သယ်ခဲ့"
ဟုတ်ကဲ့!ဂယာင်ဆူးက အခိုင်းခံလေးပါ။
"အင်း သည်းငယ်နဲ့အဖွားကားစီသွားနှင့်
ကိုကိုနောက်ကလိုက်ခဲ့မယ်"
အဖွားလက်ကိုတွဲကာ ကော့ပက်ကော့ပက်နဲ့ထွက်သွားသည့် သည်းငယ်နောက်ကို
ခရီးဆောင်အိတ်ဆွဲကာ လိုက်ရသည်။
ခန္ဓာကိုယ်ထွားထွားကိုအားမနာ အဖွားကိုမှီထားသေးသည်။
"မြေးငယ်လေး ပိန်သွားသလားလို့ကွယ်
မြေးကြီးက ထမင်းကောင်းကောင်းမကျွေးဘူးလား"
"ကျွေးပါတယ်အဖွားရဲ့ ချန်းကအရမ်းမဝချင်လို့ ဝိတ်ချနေတာ ကိုကိုကဝတာမကြိုက်ဘူးလေ"
"အေးပါ ပြောပါအုံး မြေးတို့အခြေအနေလေး အဖွားခရီးသွားနေတုန်း တိုးတက်မှုရှိရဲ့လား"
"ဟုတ် ကိုကိုက ချန်းကို ချစ်တယ်တဲ့အဖွားရဲ့"
"ဟုတ်လား မြေးငယ်ကဘယ်ဆိုးလို့လဲ
မြေးကြီးစိတ်ကို ရအောင်ယူနိုင်သားပဲ"
"ပြီးတော့လေ အဖွား
ကိုကို့ပါးပါးစီလဲသွားကြသေးတယ်
မြစ်ကမ်းကိုလေ သင်္ဘောတောင်စီးခဲ့ရသေးတယ်"
"ဟေ……မြစ်ကမ်းတောင်သွားတယ်
အမလေး အဖွားမြေး ဒိုဂယောင်ဆူးမှဟုတ်သေးရဲ့လား"
"ဘာလို့လဲအဖွားရဲ့"
"မြေးကြီးကလေ အဖွားကသွားခိုင်းရင်တောင်မသွားဘူး မိဘတွေသွားတွေ့ပါဆိုလဲမသွားဘူး
မိဘတွေကပဲ သူ့လာတွေ့နေရတာ
အဲ့ဒါကြောင့် မြေးကြီးမှဟုတ်ရဲ့လားလို့ပါ"
"ဖွားမြေးပါအဖွားရယ်
သည်းငယ်ကို ပိတ်ရက်မို့ခေါ်သွားတာ"
