Part 13

362 52 5
                                        

🧡သောက်ကျိုးနည်းဖူးစာ🧡

စာမေးပွဲပြီးသော်လည်း
ချန်းယောလ်ကတော့ အနားမယူဘဲ စာသာကြိုးစားကျက်နေလိုက်သည်။

"ချန်းယောလ်လီ……"

"ဗျာ……ကိုကို ယောလ်စာကျက်နေတယ်"

"အော်……နားအုံးလေ
မပင်ပန်းဘူးလား"

"Finalစာမေးပွဲပြီးမှပဲနားတော့မယ်
ကိုကိုကဘောင်းဘီတိုနဲ့ပါလား
ထူးထူးဆန်းဆန်း"

"အင်း တခါမှမဝတ်ဖူးလို့ ဝတ်ကြည့်တာ
ကိုကိုနဲ့အဆင်ပြေလား"

"ပြေတယ် ကိုကိုကဒီလိုလဲချောတာပဲ
ဘယ်လိုဖြစ်ပြီး အထက်ရောအောက်ရော အမည်းတွေချည်းဖြစ်နေတာလဲ"

"ကိုကိုကအနက်ပဲကြိုက်လို့လေ
ယောလ်လဲ အဝတ်စားသွားလဲ ကိုကိုအပြင်လိုက်ပို့ပေးမလို့"

"ဘယ်သွားမှာလဲ"

"မြစ်ကမ်းသွားမလို့……
Appaစီမရောက်တာလဲကြာပြီမို့သွားရင်း
သင်္ဘောစီးကြမလားလို့"

"စီးမယ် ယောလ်လဲသင်္ဘောစီးချင်တယ်
ကိုကိုခဏစောင့် အဝတ်စားသွားလဲအုံးမယ်"

"အတိုလေးဝတ်မလာနဲ့နော်
ဘောင်းဘီရှည်ဝတ်ခဲ့"

"ဟုတ်ဗျ"

နဂိုဗီဇအတိုင်း ဒိုးဒိုင်းနှင့်
စာကြည့်ခန်းမှပြေးထွက်သွားသည်။
ဂယောင်ဆူးလဲကားကိုစစ်ဆေးထားပြီး စောင့်နေလိုက်သည်။

"ရပြီကိုကိုသွားမယ်"

"ခန့်သန့်လို့ဟေ့ ချန်းယောလ်လီက"

ဘောင်းဘီရှည်အနက်ရယ် အပြုနုလက်ရှည်ရယ်တွဲဝတ်ထားသည့် ချန်းယောလ်လီက တကယ်ပင် လူကြီးဆန်နေသည်။

"ကိုကို မနက်စာမစားတော့ဘူးလား"

"အပြင်ကဝယ်ကျွေးမလို့"

"what!ကိုကို ပိုက်ဆံပေါနေတယ်ပေါ့"

"ကုန်ကျစရိတ် Appaစီကပြန်တောင်းမှာလေ
သူ့စီလာလို့ကုန်တာဆိုပြီး"

"ဟင်"

တစ်ကိုယ်လုံး ကော်တွေချည်းပဲ။
ကပ်နေတာဂယောင်ဆူးက။
သားလေးအလည်လာဖို့အရေး appaခမျာ
အကုန်အကျခံထားရခြင်း။
အင်း……appaတို့သမက်လောင်းနဲ့လဲတွေ့ပေးရင်းပေါ့လေ။

သောက်ကျိုးနည်းဖူးစာ (Completed)Donde viven las historias. Descúbrelo ahora