ကြည်လင်သောမြစ် ⛱️ ⛱️ ⛱️ ⛱️ ⛱️
စွဲငင်သောပင်လယ် ( EP. 1 )
🏖️ 🏖️ 🏖️ 🏖️ 🏖️
" Tar ဒီမနက် ဟင်းရွက်တွေ
ဘယ်သူလက်ခံတာလည်း "" အစ်ကိုအင် လက်ခံထားတာ Chef "
မနက်ခင်း မီးဖိုချောင် သန့်ရှင်းရေးလုပ်နေတဲ့
Tar တစ်ယောက် ပြသာနာတော့ စ ပြီ ဆိုတာ
သိလိုက်တယ် . .." ခွန်အင် ဘယ်မှာလည်း "
" ကျတော် သွားခေါ်လိုက်မယ် Chef .. "
ကြမ်းတိုက်အဝတ်စိုတုတ်ရှည်ကို
Tar ချပြီးအပြေး ထွက်သွားလိုက်တယ် ..မကြာခင် မီးဖိုဆောင်ထဲမှာ
ဆူပွက်ညံတော့မယ်ဆိုတာ
Tar သဘောပေါက်လိုက်တယ် ." အစ်ကို အင် , Chef ခေါ်နေတယ် "
မီးဖိုချောင်အပြင်ဘက်ခုံတန်းမှာ ထိုင်ရင်း
ဆေးလိပ်သောက်နေတဲ့ ခွန်အင် ဆေးလိပ်ကို
ပစ်ချ ခြေထောက်နဲ့ ဖိချေနင်းလိုက်တယ် ..ပြီးတာနဲ့ သူ့ကိုယ်သူ ဆေးလိပ်အနံ့တွေ
ခါထုတ်လိုက်တယ် .." Tar မင်း အနံ့ရနေသေးလား "
သု့ကိုယ်သူလည်း ပြန်နမ်းကြည့်ပြီး
Tar ကိုလည်းခွန်အင် မေး လိုက်တယ် .." အစ်ကိုကလည်း ဆေးလိပ်မသောက်ရဘူးလို့ Chef စည်းကမ်းထုတ်ထားတာကို "
ခွန်အင် အကျီတွေကို Tarပါ ကူပြီး
သူ့လက်နဲ့ဆေးလိပ်အနံ့တွေ
ပျောက်သွားအောင် ခါ ထုတ်ပေးလိုက်တယ်"အဲဒီ Chef ကလည်း ငါက ဟင်းချက်တဲ့
သူမှမဟုတ်တာ .. မီးဖိုချောင်အကူပဲဟာ "Type ဆိုတဲ့ စားဖိုမှုးကို
ခွန်အင် နဲနဲတော့ အမြင်ကတ်မိတယ် ..ဟင်းချက်တဲ့ နေရာမှာ သူမတူအောင်
ထူးချွန်သလို အပြစ်ရှာတဲ့နေရာမှာလည်း
သူတို့ အမြင်ကတ်လောက်တဲ့အထိ
ဖြစ်မိတယ် .." ကဲပါဗျာ စကားရှည်မနေနဲ့ လာ လာ ..
Chef စိတ်တိုနေပြီ .. "ခွန်အင် လက်ကိုဆွဲပြီး Tar မီးဖိုချောင်ထဲ
ပြန်ပြီး ဝင် လာခဲ့ကြတယ် ..
YOU ARE READING
ကြည်လင်သောမြစ် ဆွဲငင်သောပင်လယ်
Fanfictionဆံပင်တဝက်စည်းထားတဲ့ ကောင်လေးက သူ့ကို ဘာတွေများထူးဆန်နေလို့ ဒီလောက် စွဲဆောင်အား ကောင်းနေရတာလည်း .. Mew Suppasit .. ငယ်ငယ်လေးက ခင်မင်ခဲ့တဲ့ အစ်ကိုဆိုတာ သတိပြန်ရတော့ သူအော်ခဲ့တာ အားနားသွားတယ် Type