ကြည်လင်သောမြစ်
⛱️ ⛱️ ⛱️ ⛱️ ⛱️စွဲငင်သောပင်လယ် ( EP. 4)
🏖️ 🏖️ 🏖️ 🏖️ 🏖️" ကိုယ့်ဧည့်သည်တွေထဲမှာ ဥရောပဘက်က
လူတွေ ရှိတယ် သူတို့လာရင် မင်းဆိုင်ကို
ခေါ်လာရမယ် .. "" အဲဒါဆို ငါက ကျေးဇူးတင်ရတာပေါ့ကွာ "
" ဟား ဟား ဟား "
" MEW မင်း ခုထိ
ကြင်ဖော်မတွေ့သေးဘူးလား"MEW နဲ့ Sam ဟာ သက်တူရွယ်တူတွေ ..
သူ့အသက်တောင် ၃၀ ကျော်နေ ၄၀ဖြစ်နေပြီ
MEWလည်း အသက်ငယ်မှာ မဟုတ်တော့ .."အလုပ် လုပ်နေတော့ အိမ်ထောင်ပြုဖို့
အာရုံလည်း သိပ်မရှိတော့ပါဘူးကွာ "" ဘာလည်း
ရင်ခုန်ရမယ့်သူ မတွေ့သေးတာလား "ရင်ခုန်တဲ့သူ ???
MEW ရင်ခုန်တတ်ရဲ့လား ??
Sam ပြောလိုက်မှပဲ
MEW သူ ရင်ခုန်တတ်လားသူ့ကိုယ်သူ
မေးကြည့်မိတယ် . ..
အဲလို အတွေးဝင်လာချိန် MEW ဖျတ်ခနဲ
Type ကို ကြည့်မိသွားတယ် ..Sam ရင်ခုန်တတ်လား မေးတာနဲ့ Type ကို
MEW ဘာဖြစ်လို့ ကြည့်လိုက်မိလည်း
သူ့ကိုယ်တိုင်လည်း သူ့စိတ်ကို နားမလည်မိသူ့ကို ဖျတ်ခနဲ့ ကြည့်လိုက်တဲ့
MEW မျက်ဝန်းကိုType အကြည့်
ဖမ်းမိလိုက်တယ် ..MEW မျက်ဝန်းထဲက အကြင်နာသမ်းနေတဲ့ အရိပ်က Type ရင်ကို လှုပ်ခတ်သွားတယ် ..
လူဆိုတာ အနည်းအများ
ပြောင်းလည်တတ်ကြတာပဲ မဟုတ်လား။ငယ်ငယ်က MEW ကို သူ ဘယ်လောက်ပဲ ခင်တွယ်ခဲ့ပေမယ့် မတွေကြတော့တဲ့
အချိန်အတိုင်းတာမှာ သူ့အပေါ် အရင်လိုပဲ
MEW စိတ်က ရှိနေတာ ခင်တွယ်နေတာ
သိလိုက်ရတော့ Type စိတ်လှုပ်ရှား
သွားမိတယ်သူ့အပေါ် MEWရဲ့ရင်းနှီးမှု့က
မပြောင်းလဲတော့Type စိတ်ထဲ ကြိတ်ပြီး ပျော်သွားရတယ် ." အော် မေ့တော့မလို့ ..
ကိုယ့်မှာ ခြံစိုက်တဲ့ မိတ်ဆွေတွေ ရှိတယ် .
သူတို့က မြေဩဇာမသုံးပဲ သဘာဝအတိုင်း
Organic စိုက်ပျိုးကြတာ ..
YOU ARE READING
ကြည်လင်သောမြစ် ဆွဲငင်သောပင်လယ်
Fanfictionဆံပင်တဝက်စည်းထားတဲ့ ကောင်လေးက သူ့ကို ဘာတွေများထူးဆန်နေလို့ ဒီလောက် စွဲဆောင်အား ကောင်းနေရတာလည်း .. Mew Suppasit .. ငယ်ငယ်လေးက ခင်မင်ခဲ့တဲ့ အစ်ကိုဆိုတာ သတိပြန်ရတော့ သူအော်ခဲ့တာ အားနားသွားတယ် Type