ကြည်လင်သောမြစ်ဆွဲငင်သောပင်လယ်

1.4K 55 4
                                    


ကြည်လင်သောမြစ်
⛱️ ⛱️ ⛱️ ⛱️ ⛱️

စွဲငင်သောပင်(ဇာတ်သိမ်း Extra)
🏖️ 🏖️ 🏖️ 🏖️ 🏖️

အိမ်ပြန်ရောက်တာနဲ့ မိခင်ဖြစ်သူကို
MEWသူ့စိတ်ကူးအကြောင်း ပြောပြ
လိုက်တယ်

" အင်း မဆိုးပါဘူး မာမီတောင် မင်းတို့
လက်ထပ်ပြီး ကွန်ဒိုမှာနေတာမကျဉ်းဘူးလား
မေးမလို့ လုပ်နေတာ ..

သား အဲလိုလုပ်တာ Type အတွက်လည်း
ကောင်းတယ် ..
သူလည်း စိတ်လွတ်လွတ်လပ်လပ် ရှိတာပေါ့

" ကျတော်လည်း အဲလိုတွေးမိတယ် မာမီ "

လက်ထပ်ကြမယ်ဆိုတည်းက အလုပ်ပြီးရင်
MEW ခေါင်းထဲမှာ ရှိတာ Typeအတွက်ပဲ ..

Type ကို ဘယ်လိုလုပ်ပေးရမယ် ..
ဘာကို လုပ်ပေးရင် သူ အဆင်ပြေမယ် ..

ဒါတွေပဲ MEW အတွေးထဲရှိနေတယ် ..

သူ ကုမ္ပဏီကိုတော့ နီးမှပဲ ဖိတ်တော့မယ်လို့
MEW တွေးထားလိုက်တယ် ..

Typeနဲ့ သူကိစ္စ အကျဉ်းချုံးလုပ်ချင်ပေမယ့်
သူ့ အလုပ်ဘက်က အသိုင်းအဝိုင်းမိတ်ဖက်
နှစ်ဘက်မိဘ မိတ်သဂ်ဟ အသိုင်းအဝိုင်းက
ရှိသေးတော့ MEW တို့ ဧည့်ခန်းပွဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ကြရတယ် ..

ပြီးတော့ မိဘတွေမရှိတော့တဲ့
Type ကိုလည်း
သူ တိုးတိုးတိတ်တိတ်နဲ့ လက်မထပ်ချင်..

Type လည်းသူ့နယ်ပယ်နဲ့သူ အောင်မြင်ခဲ့တဲ့
လူငယ်‌တစ်ယောက် ..
လူမသိသူမသိ သူနဲ့လက်ထပ်လိုက်ရတာမျိုး
MEW မလိုချင် ဖြစ်လည်း မဖြစ်ချင်တယ် ..

ပထမတော့ Type ငြင်းခဲ့တယ် ..
ဒါပေမယ့်အကျိုးအကြောင်း နားလည်အောင်
MEW ရှင်းပြခဲ့ရတယ် ..

နောက်မနက်မှာတော့ ကိုချွန်းနဲ့ ချိန်းထားတဲ့
နေရာကို MEWနဲ့ Type တို့ ရောက်လာ
ခဲ့ကြတယ်

" ကိုချွန်း sorry ဗျာ ကျတော်တို့
နောက်ကျသွားတယ်
လမ်းမှာ ကားတွေ ပိတ်နေလို့ "

ကားပေါ်ကသူအရင်ဆင်း ပြီးတော့မှ
တဖက်ကားတံခါးကို သွားဖွင့်ပေးလိုက်တဲ့
သူတို့သူဌေးကို ကိုချွန်းမမြင်ဘူးသလို
ကြည့်နေ မိတယ် ..

ကြည်လင်သောမြစ် ဆွဲငင်သောပင်လယ် Where stories live. Discover now