ကြည်လင်သောမြစ်
⛱️ ⛱️ ⛱️ ⛱️ ⛱️စွဲငင်သောပင်လယ် ( EP. 5)
🏖️ 🏖️ 🏖️ 🏖️ 🏖️ခြေတဖက်ချော်ပြီး ကိုယ်ဟန်ချက်
ပျက်သွားတဲ့ Type ကို အနောက်က
ကပ်ပါလာတဲ့ MEWအမြန် ဖမ်းပွေ့
လိုက်တယ်" အယ် !! "
MEWရင်ခွင်ထဲကနေ
Type မော့ကြည့်လိုက်တယ်တစ်ယောက်ရင်ခုန်သံ တစ်ယောက်
ပြန်ကြားရတဲ့ထိ တိတ်ဆိတ်ပြီး
နှစ်ယောက်သား စက္ကန့်ပိုင်းလောက်
အကြည့်ဆုံသွားကြတယ် .အဲဒီနောက်တော့ ...
" ဟား ဟား ဟား "
တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး
အရှက်ပြေMEW နဲ့ Type တို့ ရယ်လိုက်
ကြတယ် ." ဘာဖြစ်သွားသေးလည်း Type "
" ဘာမဖြစ်ဘူး P'MEW လန့်သွားတာ"
ပွေ့ထားတဲ့ Type ပုခုံးလေးကို
MEW မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေး
လိုက်ရတယ် ." ကျေးဇူးပဲ P' "
MEW လက်ရဲ့ အထိအတွေ့က
သူ့ ရင်ဘတ်ကို ကျင်စက်နဲ့ တို့ ထိ
လိုက်သလို Type လှုပ်ခတ်သွားရတယ် .." ဒါ တမင် စိုက်ထားတာလား P'MEW "
Type မေးလိုက်တဲ့စကားကို
MEW အရှက်ပြေ ရယ်လိုက်မိတယ် ." အဟား !
ကိုယ်တော့ သိပ်မသိဘူး Type ..ဧည့်သည်တွေ ဒီလိုနေရာမျိုး အပန်းဖြေဖို့
လိုက်ပို့တယ် ခြံနဲ့ ဆိုင်တာ guideတွေက
ရှင်းပြတယ်ပေါ့ ..ကျန်တဲ့ အပင်နဲ့ဆိုင်တာတော့ ဒီက
အလုပ်သမားတွေက ပိုပြီး ကျွမ်းကျင်တော့
သူတို့ကို ရှင်းပြခိုင်းလိုက်တယ် ..သူတို့လည်း မုန့်ဖိုးရအောင် ပေါ့ ..
ပြောရရင် ကိုယ်က ဒီခြံပိုင်ရှင်နဲ့ လက်တွဲပြီး
အလုပ်လုပ်တယ် ဆိုပေမယ့် ..
တစ်ခါတစ်လေပဲ ရောက်ဖြစ်တယ် ..အခု Type ကို ပို့ချင်လို့ ရောက်တယ်
ဒါပဲရှိတယ်"ပွင့်ပွင့်လင်းလင်း ပြောလိုက်တဲ့
MEW စကားကို
Type သဘောကျပြီး ရယ်လိုက်မိတယ် ..
YOU ARE READING
ကြည်လင်သောမြစ် ဆွဲငင်သောပင်လယ်
Fanfictionဆံပင်တဝက်စည်းထားတဲ့ ကောင်လေးက သူ့ကို ဘာတွေများထူးဆန်နေလို့ ဒီလောက် စွဲဆောင်အား ကောင်းနေရတာလည်း .. Mew Suppasit .. ငယ်ငယ်လေးက ခင်မင်ခဲ့တဲ့ အစ်ကိုဆိုတာ သတိပြန်ရတော့ သူအော်ခဲ့တာ အားနားသွားတယ် Type