ကြည်လင်သောမြစ်ဆွဲငင်သောပင်လယ်

773 56 1
                                    

ကြည်လင်သောမြစ် 
⛱️ ⛱️ ⛱️ ⛱️ ⛱️

စွဲငင်သောပင်လယ် ( EP. 8)
🏖️ 🏖️ 🏖️ 🏖️ 🏖️

Type ကိုယ်တော့ အဲဒီနေ့ရောက်ဖို့
ရင်ခုန်နေတယ်
မင်းရော ဘယ်လိုခံစားနေရလည်း ..

အပြင်ဘက် အမှောင်ထုကို လှမ်းကြည့်ပြီး
Type မကြားပေမယ့်  MEW ပြောနေ
မိတယ် ..

ဒီလိုတွေ တစ်ယောက်ထဲ  ရေရွတ်နေမိတဲ့
MEW သူ့ကိုယ်သူ ပြုံးမိလိုက်တယ် ..

သူ နှုတ်က အလိုလို ဒီစကားတွေ
ထွက်လာတာကိုလည်း MEW အံ့ဩမိတယ်

အချစ်ဆိုတာ ကိုင်တွယ် ထိတွေ့လို့
မရပေမယ့်လူကို အမျိုးမျိုးပြောင်းလဲ
ရူးသွပ်စေပါလား .!!!

အစ်မဖြစ်သူကို တိုင်ပင်ပြီးတာနဲ့
MEW လုပ်ချင်တာကို ချက်ခြင်းလုပ်ဖို့
တွေးလိုက်တယ် ..

ဖုန်းခေါ်နေရင်း
MEW ဂဏာမငြိမ် ဖြစ်နေရတယ်

"  တူ .. တူ .. တူ  "

စာရင်းလုပ်နေရင်းကနေ Sam  သူ့ဖုန်းကို
လှမ်းယူလိုက်တယ်  ..

" Hello Sam .. "

"  Hello ..  MEW  ပြော "

MEW ဆိုတဲ့ အသံကြောင့် ပန်ရမ် Sam ကို
လှမ်းကြည့်လိုက်မိတယ် .. 

" လာလေ သူငယ်ချင်း  ရပါတယ်  ..
ပိတ်ရက်ဆိုတော့  အားပါတယ် "  ..

" အိုကေ အိုကေ  သူငယ်ချင်း "

" Sam ဘာတဲ့လည်း "

အခြေအနေသိချင်တာနဲ့ Sam ကို
ပန်ရမ်လှမ်းမေးလိုက်မိတယ် ..

" ဘာမဟုတ်ပါဘူး
အိမ်လာလည်မယ်ဆိုတာ ပြောတာ . "

အရင်လည်း ဒီလို လာလည်တတ်တာ ခုမှ ဘာလို့ MEW သူ့ကို ဘာစကားပြောမှာမို့ အထူးအဆန်း ဖုန်းကြိုဆက်ရတာလည်း . 
Sam  စဉ်းစားကြည့်ပေမယ့် ဘာမှ
တွေးမရတယ်

ထားပါတော့ သူလာတော့ ဘာဆိုတာ သိမှာပဲ

အလုပ်ပြီးသွားတော့ Sam  အပေါ်ထပ်
တက်လာခဲ့လိုက်တယ် . 
Type အခန်းတံခါးက လော့ချမထားတာနဲ့
Sam တွန်းပြီး ဝင်လာလိုက်တယ် ..

" သားငယ် မအိပ်သေးဘူးလား "

" ဟုတ် P'  အဖုလေးတွေ ယားလာလို့ "

ကြည်လင်သောမြစ် ဆွဲငင်သောပင်လယ် Where stories live. Discover now