ကြည်လင်သောမြစ် ⛱️ ⛱️ ⛱️ ⛱️ ⛱️
စွဲငင်သောပင်လယ် ( EP. 11)
🏖️ 🏖️ 🏖️ 🏖️ 🏖️" ခွန်အင်, Tar
ပစ္စည်းတွေ သေချာ ချကြနော် "" ဟုတ် Chef .. "
ဒီလို ပွဲမျိုးတွေရှိရင် သုံးတဲ့ ကားပေါ်ကနေ
ဆင်းပြီးType သူ့ ဝန်ထမ်းတွေ
ပြောလိုက်တယ်
Tar တို့ ပစ္စည်းတွေ သယ်ချနေတုန်း
MEW တို့ အိမ်ကြီးကို သူ ငေးကြည့်
လိုက်တယ် ..သူတို့အ်ိမ်ကို MEW လာလည်တယ် ..
ဘာအလုပ်လုပ်တယ် ဘယ်မှာနေထိုင်တယ်
ဆိုတာ Type သိပေမယ့်
MEW ရဲ့ ကြွယ်ဝမှု့ကို သူ တခါမှ မမေးခဲ့ ..MEW ကလည်း သူတို့ ဘယ်လို
နေထိုင်တယ်ဆိုတာ စကားလုပ်ပြီး
Type ကို မပြောခဲ့တယ်" Chef .. မိုက်တယ်နော် "
သူ့နည်းတူ Tar ကလည်း MEW တို့အိမ်ကြီး
ကြည့်ပြီး Type ကို လက်မထောင်
ပြလိုက်တယ်" ကဲ ငေးမနေနဲ့ အိမ်ထဲဝင်ကြ
အလုပ်တွေက တပုံကြီးရယ် .. "သူ့တို့အဖွဲ့ကို စောင့်နေတဲ့ MEW တို့အိမ်ကအလုပ်သမားနဲ့ အတူ Type တို့ အဖွဲ့ ခြံထဲ
ဝင်လိုက်သွားကြတယ် ..ပြီးတာနဲ့ ပွဲကျင်းမယ့်နေရာ ရောက်တာနဲ့
Type တို့ ကိုယ်လုပ်စရာရှိတာတွေ အားလုံး
ပြင်ဆင်လိုက်ကြတော့တယ် ..မိဘတွေနှစ်ပတ်လည် ပွဲရှိပေမယ့် MEWအိမ်မှာမနားနိုင်ရတယ် ..
ဧည့်သည်တွေ လာဖို့ ရှိနေတာနဲ့ ကုမ္ပဏီကို
သူ ရောက်နေရတာ ..တဖက်က ရိုးရိုး အလည်လာတဲ့ ဧည့်သည်
မဟုတ်ပဲ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး
အရေးပါတဲ့လုပ်ငန်းရှင်တစ်ယောက်
ဖြစ်နေတော့MEW ကိုယ်တိုင် ကြိုဆို
ခဲ့ရတယ် ..လေဆိပ်မှာ ဧည့်သည်တွေ ကြို
ခဏတဖြုတ်စကားပြော သူတို့
အနားယူတော့မှ MEW ရုံးကို
ပြန်လာခဲ့လိုက်တယ် ..အိမ်ကို Typeတို့ လာမယ်ဆိုတာ
သိပေမယ့် သူရှိမနေတော့
Type အဆင်ပြေရဲ့လား
MEW သိချင်နေရတယ် ." MEW နင် ပြန်လိုက်တော့လေ
ဧည့်သည်တွေအတွက် လိုအပ်တာရှိရင်
ငါ စီစဉ်ပေးလိုက်မယ်
YOU ARE READING
ကြည်လင်သောမြစ် ဆွဲငင်သောပင်လယ်
Fanfictionဆံပင်တဝက်စည်းထားတဲ့ ကောင်လေးက သူ့ကို ဘာတွေများထူးဆန်နေလို့ ဒီလောက် စွဲဆောင်အား ကောင်းနေရတာလည်း .. Mew Suppasit .. ငယ်ငယ်လေးက ခင်မင်ခဲ့တဲ့ အစ်ကိုဆိုတာ သတိပြန်ရတော့ သူအော်ခဲ့တာ အားနားသွားတယ် Type