ကြည်လင်သောမြစ် ⛱️ ⛱️ ⛱️ ⛱️ ⛱️
🏖️ 🏖️ 🏖️ 🏖️ 🏖️ စွဲငင်သောပင်လယ် ( EP. 7)
ဆေးရုံရဲ့ အရေးပေါ်ကုတင်ပေါ်မှာ အကျီချွတ်မှောက်ရက်နဲ့ လှဲပြီး ဆေးလိမ်းခံနေတဲ့ Type ကို
Sam စိုးရိမ်တကြီး ကြည့်နေမိတယ် .. .Chef ထိခိုက်သွားလို့ လာကြည့်ပါအုန်း ဆိုပြီး
ဝန်ထမ်းတယောက် လာပြောတာနဲ့ Sam အမြန်ပဲမီးဖိုချောင်ထဲ ရောက်သွားရတယ် ..ဆီပူတွေ ထိမှန်နေတဲ့ Type ကို ခေါ်ပြီး သူ
အမြန်ဆုံးပဲ ဆေးရုံ ထွက်လာခဲ့လိုက်တယ် .." ဆရာ အနာတွေ ဖြစ်နိုင်လားခင်ဗျ "
" အရေကြည်ဖုတွေကိုတော့ မဖောက်နဲ့ဗျ ..
ယားလို့ ကုတ်လိုက်ရင် လက်သည်းကနေ
ပိုးဝင်သွားနိုင်တယ် ..
အဲလိုဖြစ်ရင်တော့ အနာဖြစ်လာနိုင်တယ် ..
လူနာက ဘာအလုပ်များလုပ်လည်း "" Chef ပါ ကျတော့်ညီလေးပါ ဆရာ "
" လက်ကို အဓိကထား လုပ်ရတဲ့အလုပ်ပဲ
ဒါပေမယ့် ဒီရက်ထဲ လက်ကို အနားပေးထား
စေချင်တယ် ..
ဒီအဖုလေးတွေကို အဝတ်မထိစေချင်ဘူး .
တော်ကြာ ပွတ်မိရင် ပေါက် ဗြဲကုန်မှာ .. "" သားငယ် ထ နိုင်ရဲ့လား "
ဆေးလိမ်းပြီး ကုတင်ပေါ်ကနေ ထလိုက်တဲ့
Typeကို Sam ကူပေးလိုက်တယ် .." ဟုတ် ရပ်ပါတယ် ဆီပူစင်သွားတဲ့
နေရာတွေပဲပူနေတာ လူက ဘာမဖြစ်ပါဘူး "ဆရာဝန်မှာတာတွေ နားထောင် ဆေးဘာညာ
ယူပြီး Samနဲ့ Type တို့ ဆေးရုံက ပြန်လာခဲ့တယ် ." အိမ်ပဲပြန်ကြမယ် "
ကားမောင်းလာရင်း Sam ဆိုင်ကို ဖုန်းခေါ်
လိုက်တယ် .." Hello အန်တီပန့် "
" ဟုတ် ပြီးပြီ အပူလောင်သွားရုံပါ .
Type အလုပ်တော့ လုပ်လို့မရသေးဘူး ..အဲဒါ ကိုသူကို မီးဖိုချောင် တာဝန်ယူ
ခိုင်းလိုက်ပါ ..
ကျတော် Type ကို အိမ်လိုက်ပို့ပြီးမှ
ဆိုင်လာခဲ့မယ်.. "" ကိုသူ တစ်ယောက်ထဲ
အဆင်ပြေပါ့မလား P'Sam "ကိုသူဆိုတာ Type လက်ထောက်စားဖိုမှုး
သူ့ဘာသာ ဟင်းပွဲတွေ လုပ်နိုင်ပေမယ့်
Type လက်အောက်မှာ ပညာသင်နေဆဲ Chef .
YOU ARE READING
ကြည်လင်သောမြစ် ဆွဲငင်သောပင်လယ်
Fanfictionဆံပင်တဝက်စည်းထားတဲ့ ကောင်လေးက သူ့ကို ဘာတွေများထူးဆန်နေလို့ ဒီလောက် စွဲဆောင်အား ကောင်းနေရတာလည်း .. Mew Suppasit .. ငယ်ငယ်လေးက ခင်မင်ခဲ့တဲ့ အစ်ကိုဆိုတာ သတိပြန်ရတော့ သူအော်ခဲ့တာ အားနားသွားတယ် Type