ကြည်လင်သောမြစ်ဆွဲငင်သောပင်လယ်

701 46 2
                                    


ကြည်လင်သောမြစ်
⛱️ ⛱️ ⛱️ ⛱️ ⛱️

စွဲငင်သောပင်လယ် ( EP. 13)
🏖️ 🏖️ 🏖️ 🏖️ 🏖️

စားသောက် ရှင်းလင်းပြီးတာနဲ့
MEWတို့ အေးဆေးထိုင်ကာ
စကားပြောလိုက်ကြတယ် ..

" ကုမ္ပဏီမှာ ... Pui Fai ... .. .. အဲဒါနဲ့ပဲ
Typeစီ ကိုယ် မရောက်ဖြစ်ခဲ့တာ "

သူ့ဘာကိစ္စတွေ ဖြစ်ခဲ့တယ်ဆိုတာ
MEW ပြောပြလိုက်တယ် ..

" ကိုယ် စိတ်တွေတအားထွေပြီး
ရှုပ်သွားတယ်

Pui Fai ဘာလုပ်နေတယ်ဆိုတာ
ရိပ်မိပေမယ့် မိဘချင်းရင်းနှီးနေတော့
ပွင့်ပွင့်လင်းလင်းနဲ့
ကိုယ် ဖြေရှင်းလို့မရ ဖြစ်နေရတယ် ..

ကိုယ့်ကုမ္ပဏီရဲ့ အ‌တွင်းရေးကိစ္စ
ဖြစ်နေတော့
ဘယ်သူ့ကိုမှလည်း စိတ်ရှိတိုင်း ဖွင့်ပြော တိုင်ပင်လို့မရနဲ့ ဖြစ်နေတာ ..

လုပ်ငန်းတူပြိုင်ဘက်ဆိုတာ အပေါ်ယံသာ
ပြုံး နေတာ အတွင်းစိတ်က အဲလို မဟုတ်
တတ်ကြဘူး ..

တကယ်လို့သာ ကိုယ့်ကုမ္ပဏီမှာ အဲလို အတွင်းရေး ပေါက်ကြားစေတဲ့သူသာ
ရှိတယ်ဆိုတာအပြင်ကိုသာ ရောက်သွားရင်
ကိုယ့်အတွက်ရော ကုမ္ပဏီအတွက်ပါ
မကောင်းဖြစ်သွားမယ် ..

မင်း ကို ရင်ဖွင့်ချင်ပေမယ့်
ကိုယ့်အပူ မင်းကို မကူးစက်စေချင်ဘူး .. "

ဆိုဖာခုံမှာ ဘေးချင်းယှဉ် ထိုင်နေတာကနေ
MEW ဘက်ကို Type ကိုယ်လုံး လှည့်ထိုင်
လိုက်တယ် ..
ပြီးတာနဲ့ MEW လက်ဖဝါးတဖက်ကို
သူ ဆွဲကိုင်ထားလိုက်တယ် ..

" P'MEW စီက ကောင်းတဲ့အရာတွေပဲ
ကျတော် ခံယူချင်လို့ ချစ်ခဲ့တာ မဟုတ်ဘူး

ဆိုးတာရောကောင်းတာရော မျှဝေချင်လို့ပါ .

Type ကိုယ်လေးကို
MEW ဆွဲဖက်လိုက်တယ် .

" ကိုယ်သိပါတယ် ကလေး လေး ရယ် ..
ဒါပေမယ့် သားငယ်ကို ကိုယ်က ကောင်းတဲ့
အရာတွေပဲ ခံစားစေချင်တာ " ..

" ကျတော် ကလေးမဟုတ်တော့ဘူး "

" ဟုတ်ပါတယ် Type ကလေးမဟုတ်တာ
ကိုယ် အသိဆုံးပဲဟာ " ..

" P'MEW !!

သူ့ကို အတင်းကျပ် ဖက်ထားတဲ့
MEW ကျောပြင်ကို Type လက်သီးစုပ်နဲ့
မနာကျင်အောင်ထုရိုက်လိုက်တယ် ..

ကြည်လင်သောမြစ် ဆွဲငင်သောပင်လယ် Where stories live. Discover now