ကြည်လင်သောမြစ် ဆွဲငင်သောပင်လယ်

722 51 3
                                    

ကြည်လင်သောမြစ်
⛱️ ⛱️ ⛱️ ⛱️ ⛱️

စွဲငင်သောပင်လယ် ( EP. 3)
🏖️ 🏖️ 🏖️ 🏖️ 🏖️

"တနဂ်နွေ တစ်ရက် နားတယ် MEW ..
မင်း အားရင် လာခဲ့ပါလား ငါတို့ ဆုံရအောင်"

" အိုကေ သူငယ်ချင်း အဲဒီနေ့မှတွေ့ကြမယ် "

MEW နဲ့ ဖုန်းပြော ပြီးတာနဲ့ Type အခန်းကို
Sam တက်လာခဲ့လိုက်တယ် ..

" သားငယ် "

" ခင်ဗျာ P'Sam "

" ကိုယ် ဝင်ခဲ့မယ်နော် "

" ဟုတ်ကဲ့ "

အခန်းထဲ Sam ဝင်သွားလိုက်တော့
စာအုပ်တွေ ပတ်လည်ဝိုင်းပြီး
အလုပ်ရှုပ်နေတဲ့ Type ကို တွေ့လိုက်ရတယ် .

ဆံပင်အရှည်ကို အကုန်အပြောင်းသိမ်း
လိပ်တင်ပြီး ဆံညှပ်နဲ့ ညှပ်ထားတယ် ..
အိမ်နေရင်း ဘောင်ဘီပေါင်တိုလေးနဲ့
ဆိုတော့ Type ပုံစံက တမျိုးပဲ ကြည့်ကောင်းနေတယ် ..

ယောက်ျားဖြစ်ပြီး ဆံပင်ရှည်ရှည်နဲ့ဆိုတော့
ဒါကပဲ စွဲဆောင်မှု့တခုဖြစ်နေသလား
မသိတော့

Type ပုံစံကြောင့်ပဲ သူတို့ဆိုင်ကပိုပြီး
နာမည်ကြီးနေသလားလို့ တစ်ခါတစ်‌လေ
Sam အတွေးဝင်မိတယ် ..

" P'Sam ဘာပြောမလို့လည်း "

သူ့အနားလာထိုင်ပြီး ဘာစကားမှမပြောပဲ
သူ့ကိုထိုင်ကြည့်နေတဲ့ Sam ကို Type
လှမ်းပြီးမေးလိုက်တယ် ..

" အော် ! ‌ အင်း
ဒီတပတ် ဆိုင်ပိတ်ရက် သားငယ် အားလား "

" ဟုတ် အားပါတယ် ဘာဖြစ်လို့လည်း "

" ကိုယ့်သူငယ်ချင်း
အိမ်လည်လာမလို့ အဲဒါ "

" ကျတော် လက်စွမ်းပြရမယ်ပေါ့ "

" ဟားဟား
ကိုယ့်ညီလေးလက်ရာ ကြွားချင်လို့ပါကွာ "

" ရပါတယ် မနက်ဖြန် ကျတော်လည်း
ဟင်းအသစ်တမျိုး ထွင်ကြည့်မလို့ "

" Thank you .. "

Type ခေါင်းကိုပုတ်ပြီး Sam အခန်းထဲက
ပြန်ထွက်လာတယ် ..

ဟင်းချက်တာကို သူ့ညီ Type ဘာလိုများ
ဒီလောက် စွဲစွဲလန်းလန်း ဝါသနာ
ပါနေရလည်းSam နားမလည်ဖြစ်နေရတယ်

ကြည်လင်သောမြစ် ဆွဲငင်သောပင်လယ် Where stories live. Discover now