Ep19

4.2K 257 10
                                    

နှစ်သစ်ကူးနေ့
အရင်ရက်တွေတုန်းက
အအေးလျော့သွားပေမယ့်
ဒီရက်ပိုင်း ပြန်အေးလာတာနဲ့အတူ
ညဆိုင်းဆင်းထားရတယ့် ဆွေးသည်လည်း
မောင်နဲ့ ကလေးလေးတစ်ယောက်လို
ချွဲတာကလွဲလို့
ချစ်စကားတွေပြောတာကလွဲရင်
ဘာမှမလုပ်နိုင်တော့ဘဲ အပျင်းကြီးနေမိသည်။

သေချာတာကတော့
ဒီလောက်အေးနေတယ့်
ရာသီဥတုမှာ ဆွေးဘာမှမလုပ်ခြင်ရခြင်းက
အိပ်ရေးပျက်လို့တော့မဟုတ်ဘဲ
အလိုလိုက်တယ့်မောင်ရှိနေလို့ဘဲ
ဆွေးရဲ့ အနာဂတ်အိမ်ထောင်ဦးစီး ယောကျာ်းက
ရင်ခွင်ကျယ်ကြီးထဲထည့်ကာ ဖက်ထားလို့
အပျင်းတစ်စေမှတော့ ဆွေးကလည်း
ကျေနပ်စွာနဲ့ လုံလုံလောက်လောက်
အပျင်းတစ်နေလိုက်မှာပေါ့
အိပ်ရေးမက်တယ့်သူ့အတွက်
ဒီအရာက ငြင်းစရာလား။

မောင့်ပေါင်ပေါ်မှာ ဆွေးခေါင်းအုံးလို့
အိပ်နေသလို
မျက်လုံးလေးမှိတ်ကာ မှေးနေတယ့်
ဆွေးကိုလည်း ရတုမှိုင်းခဟာ
စောင်လေးတွေနဲ့ နွေးအောင်
ခြုံပေးလို့ တစိမ့်စိမ့်ကြည့်နေလေသည်။

ရတုမှိုင်းခ မျက်စိရှေ့က အချစ်ကို
မျက်တောင်ပင်မခတ်မိ ကြည့်နေမိတုန်း
မျက်တောင်လေးတွေ နှစ်ချက်သုံးချက်လောက်ခတ်လို့
တဖြည်းဖြည်းချင်း မျက်လုံးတွေဖွင့်လာတယ့်အချစ်
ထို့နောက် နှုတ်ခမ်းလေးတွေကော့တက်သည်အထိပြုံးကာ
မျက်လုံးလေးစဥ်းလို့ ကြည့်လာတယ့်
အချစ်ကြောင့်
ရတု လက်ကလေးသည်
အချစ်ရဲ့ ဆံပင်လေးတွေကို သပ်ပေးလို့
နူးညံသော လေသံတို့ဖြင့်မေးလိုက်သည်။
ထိုလေသံထဲတွင် ချစ်သောအသံတို့မပါမဖြစ်ပါဝင်နေပြီး
အသည်းယားစွာ ကျီစယ်လိုသောအသံလေးပင်
တစ်စွန်းတစ်စပါဝင်နေသည်။

"နိုးပြီလား မောင့် ဗန်ပိုင်းယားလေး
အချစ်က နေ့နဲ့ညမှားနေတာဘဲ"

"အွန်း ဟုတ်တယ် ဗန်ပိုင်းယားလေး
အဲ့ဗန်ပိုင်းယားလေးက မောင့်သွေးကို
စုပ်ပစ်မှာ"

စနောက်လာတယ့်မောင့်စကားကို
ဆွေးသဘောကျစွာ မောင့်ရဲ့ဗိုက်နားကို
မျက်နှာအပ်လို့ မောင့်ဗိုက်က
ပေါင်မုန့် ခြောက်လုံးကို
ကိုက်ပစ်လိုက်တော့
မောင်သည် နာပုံတောင်မရ
တဟားဟားနဲ့ သဘောတကျအော်ရယ်လေသည်။

မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေး {Complete}မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေNơi câu chuyện tồn tại. Hãy khám phá bây giờ