Ep27

3.4K 183 1
                                    

"အချစ် "

"ရှုးတိုးတိုးမောင် babyလေးခုမှ
အိပ်ပျော်တာ"

ဘောင်းဘီအတိုလေးဝတ်လို့ အင်္ကျီလက်တိုလေးနဲ့ ထိုပေါ်ကမှ
အပေါ်ထပ်အပါးလေးထပ်ဝတ်ထားကာ
ဝရံတာမှာ သားသားကို ချီကာ
သီချင်းလေးငြီးလို့ သိပ်နေတယ့်
အချစ်က ညဘက်လရောင်အောက်မှာ
သိပ်ကို လှလွန်းနေသည်။
အရမ်းကို ချစ်ဖို့ကောင်းနေတယ့် အချစ်ကြောင့်
လမ်းသွားလမ်းလာတစ်ယောက်ယောက်များ
မြင်လို့ ငေးသွားရင်ဆိုတယ့်
အသိလေးက ဝင်လာတော့
အိမ်ခန်းထဲကနေ သဘတ်ပိုင်းလေးသာ
ပတ်ထားလျှက် အချစ်နားသို့
သွားကာ ခါးလေးကို တင်းနေအောင်
ဖက်ထားလိုက်တော့
အချစ်ကိုယ်လေးက တောင့်တောင့်လေး
ဖြစ်သွားလေရဲ့။

ဆွေးသားကို သိပ်နေတုန်း
လာဖက်တယ့်မောင်ကြောင့်
မနေတတ်ဖြစ်သွားတာတော့အမှန်ပင်
ဘာလို့ဆို မောင်ကရေချိုးပြီးကာမှ
သဘတ်တစ်ထည်တည်းသာ ဝတ်လို့
တင်းနေအောင်ဖက်ထားတာကြောင့်
မောင့်ရဲ့ အသားတွေနဲ့က ထိကပ်နေသည်လေ။

"အချစ်က မောင်ဖက်တာမကြိုက်လို့လားဟင်"

"မောင်ကလည်းလေ မကြိုက်တာတော့
အဟမ်း ဘယ်ဟုတ်မလဲ
သွားစမ်းပါကွာ သွားအင်္ကျီသွားဝတ်"

"မဝတ်ခြင်ဘူးဗျာ အချစ်ကိုဘဲ
မောင်ဖက်ထားခြင်တာ"

ပြောကာမှ ပိုတိုးလို့ဖက်ထားကာ
လည်တိုင်ကို နှုတ်ခမ်းတွေနဲ့ ပွတ်ဆွဲနေတယ့်
မောင်ကြောင့်
ဆွေးကိုယ်လေးမှာ တုန်ခနဲဖြစ်လို့
သားကို ဖက်ထားတယ့် လက်ကလေးပင်
တင်းကျပ်သွားတော့ ရင်ခွင်ထဲက
သားသားဟာ အဲ့ခနဲ

"အေး ကျွတ်စ် ကျွတ်စ် ပါပါးရှိတယ်နော်
baby အိပ်နော် ကျွတ်စ် ကျွတ်စ်
မောင်နော် ဘယ်လိုဖြစ်နေတာလဲ
သားသားနိုးတော့မယ်"

ဆွေး မောင့်ကို လေသံတိုးတိုးလေးနဲ့
မေးမိတော့
မောင်ဟာ ပြန်မဖြေဘဲ
ဆွဲဆောင်မှုရှိစွာသာ ပြုံးပြသည်။
အပေါ်ပိုင်းဗလာနဲ့ ပေါင်မုန့်တွေပေါ်ကာ
ခေါင်းလျှော်ထားတာကြောင့်
ရေစက်တွေနဲ့မောင်ဟာ
ဆွဲဆောင်မှုရှိလိုက်တာ
ထိုချိန် ခေါင်းထဲရောက်လာသည့်အတွေးက
ဝရံတာမှာ ဆိုတယ့်အတွေး
ဆွေးတောင် ခနခန မြင်ဖူးတယ့်မောင့်ကို
ငေးနေမိရင် ကျန်တဲ့သူတွေသာငေးရင်
မဖြစ်ဘူး မောင့်ကို ဆွေးသဝန်တိုသည်။

မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေး {Complete}မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေNơi câu chuyện tồn tại. Hãy khám phá bây giờ