Ep13

4.7K 335 13
                                    

အသံလာရာဘက်ကို ဆွေးနဲ့မောင်
မတိုင်ပင်ဘဲ အတူကြည့်မိလိုက်တော့
အပေါက်ဝဘက်မှာ မတ်တပ်ရပ်နေတယ့်
ပိန်ပိန်ပါးပါးအမျိုးသမီးတစ်ဦး
အသံက အေးချမ်းပြီးနားထောင်လို့ကောင်းနေကာ
စိတ်လှုပ်ရှားသံတစ်ချို့လည်း ပါဝင်နေသည်။
သေချာကြည့်လျှင် ထိုအမျိုးသမီးသည်
ရတုမှိုင်းခနဲ့ မျက်နှာခပ်ဆင်ဆင်ဖြစ်နေသည်
နောက်ပြီးတော့ စောနက
မောင်လေးလို့ခေါ်တာကိုပါ
ကြားလိုက်တာမလို့ မောင့်ရဲ့အစ်မဖြစ်မည်ဟု
ဆွေးတွေးလိုက်မိသည်။
ဒါပေမယ့် ရုတ်တရက်ရောက်လာကာ
မောင်သည်လည်း အိမ်ထောင်စုစာရင်းကပါ
ထွက်ကာ သံယောဇဥ်ဖျက်ထားတယ်ဆိုတာကြောင့်
အခုအခြေအနေကို ဆွေးဘယ်လိုလုပ်ရမှန်းမသိတော့
သေချာတာတစ်ခုကတော့ အခုအခြေအနေက
နွေးထွေးနေတယ့် အခြေအနေတစ်ရပ်တော့
မဟုတ်ပေ။

"အစ်မ မင်းနဲ့စကားပြောခြင်တယ်မောင်လေး"

"ကျွန်တော်ဘက်ကတော့ ပြောစရာမရှိဘူး"

"အ​ဲ့လောက်မစိမ်းကားပါနဲ့
ငါတို့က သွေးသားတွေပါ"

"ကျွန်တော် အစ်မနဲ့ မျက်နှာချင်းဆိုင်
စကားပြောဖို့လောက်အထိ
အဆင်မပြေဘူး
ဆွေးဘယ်သွားမှာလဲ
အချစ်အခုပြန်ထိုင်လိုက်နော်"

နေရခက်တယ့် အခြေအနေကနေ
ပိုရှောင်ရမယ့်အကြောင်းလေးကပေါ်လာတာကတော့
မောင်က မြန်မာလိုပြောပေမယ့်
ထိုအမျိုးသမီးက ပြင်သစ်လိုပြောလိုက်တာကြောင့်ဖြစ်သည်။
ဒါက သေချာတာပေါ့ ဆွေးကို
ဖယ်ထုတ်ကာ နှစ်ယောက်တည်းဆွေးနွေးခြင်လို့ဆိုတာ သိသာနေတာဘဲ
စိတ်ဆိုးလားဆိုမဆိုးပါ
သွေးသားကတော်နေသေးတယ်မလား
ရှောင်ပေးရန်ထလိုက်တော့
လက်ကိုပြန်ဆွဲလို့
ထိုင်ခုံမှာထိုင်နေစေပြီး
ခါးကိုပြန်ဖက်ထားတယ့်မောင်။

ရတု ဆွေးကို ဖယ်ပေးစေခြင်တယ့်
အစ်မကြောင့်
ဆွေးကိုနေရာကနေ မဖယ်စေဘဲ
ပြန်ထိုင်စေလိုက်သည်။
အနည်းဆုံးတော့ သူအစ်မကို
ရင်ဆိုင်ဖို့ရာ ဘေးနားမှာ
အချစ်ရှိနေမှ ရမည်။
အချစ်ကိုယ်သင်းနံ့လေးနဲ့
အချစ်မောင့်ရင်ခွင်ထဲမှာ ရှိနေတာက
ရတုရဲ့ တုန်လှုပ်မှုတွေကို
ဘယ်သူမှ မသိစေဘဲ ပြန်လို့ဖုံးကွယ်စေနိုင်သည်။

မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေး {Complete}မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေحيث تعيش القصص. اكتشف الآن