Ep24

3.6K 198 4
                                    

"ဝါး တူတူရေ ဝါး အားယို့ ပါပါး သည်းပွတ်ကျွတ်လေး"

"ခစ်ခစ်"

"ဝါးး "

"ဟီး ခစ်ခစ်"

"အားယို့ချစ်ဖို့ကောင်းလိုက်တာ ဟယ်
မောင်ရေ မောင်!!! ဒါလင်ရေ"

"လာပြီ အချစ်ရေ"

စာရင်းတစ်ချို့တွက်နေတယ့်
ရတုမှိုင်းခမှာ အိပ်ခန်းထဲ စာကြည့်စားပွဲကနေ
အမြန်ထလို့  
အချစ်ခေါ်ရာသို့ အပြေးသွားရသည်။

ဧည့်ခန်းထဲမှာ အခင်းလေးကိုခင်းလို့
ထိုင်နေတယ့် အချစ်ဆီရောက်တော့
ထိုင်နေတယ့် သားသားက သူ့ကိုတွေ့တော့
ဖင်လေးတကြွကြွနဲ့ လက်ကလေးကို
မြှောက်ပေးသည်။

ရတု ဆွေးရဲ့ဘေးမှာကပ်ထိုင်လိုက်တော့
ဆွေးဟာ အံ့အားသင့်နေတယ့်
ပုံနဲ့  ရတုလက်ကလေးကို
စုပ်ကိုင်လာသည်။

"မောင် သားသား အပေါ်သွားလေး
ပေါက်လာပြီ ဟီးချစ်စရာလေးမောင်
ဒီမှာ သားရေ ဒယ်ဒီကို့ ရယ်ပြပါဦး "

"ခစ်ခစ် "

"တွေ့လားမောင် သွားလေးအပေါ်ရော
အောက်ရော ပေါက်ပြီ အသည်းယားလိုက်တာမောင်ရာ"

သားသား သွားလေးတွေပေါက်ကာရယ်ပြတာကို
အသည်းတယားယားနဲ့ ရတု့ကို
ပြလို့မဆုံးဖြစ်နေတယ့် အချစ်ကို
ရတု ပြုံးကာ တစိမ့်စိမ့်ကြည့်လို့
ခါးလေးကနေ ဆွဲလို့
အနားကိုဆွဲခေါ်လိုက်ကာ
ဖက်ရင်း လန့်သွားတယ့် အချစ်ပါးလေးကို
ရတု မြတ်နိုးစွာ ဖိနမ်းလိုက်တော့
ရဲတက်လာတယိ့ အချစ်ပါးပြင်တွေက
အသည်းယားစရာ

"ဘာလဲ အချစ် မောင်အနမ်းပေးတာကို
ရှက်တာလား"

"ဘာ ရှက်ရမှာလဲ ရှက်စရာလား ဟွန့်
မရှက်ပါဘူး ငါက သားအရှေ့မှာမလို့လန့်သွားတာပါနော်"

"ဟုတ်လို့လား အချစ်ရဲ့ နားရွက်လေးတွေက
သစ္စာဖောက်နေတယ်နော်"

မျက်စိရှေ့ကနေ ရဲနေတယ့် နားရွက်လေးကို
ရတုပြောလို့ပြီးတာနဲ့
နှုတ်ခမ်းသားလေးနဲ့ ဆွဲဖိလိုက်တော့
အချစ်ရဲ့  လက်သီးလေးတွေက
မောင့်ရင်ဘက်ပေါ်သို့ တဘုန်းဘုန်းကျရောက်မယ်ထင်သလား
တစ်ချက်တည်းနဲ့ စောင့်တွန်းထည့်လိုက်တာ
အုန်းခနဲ

မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေး {Complete}မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေNơi câu chuyện tồn tại. Hãy khám phá bây giờ