Ep45

2.8K 153 3
                                    

တစ်လခန့်အကြာ>>>>>>

စာကြည့်ခန်းထဲကနေ
အခုထိ ထွက်မလာသေးတယ့် မောင်ကြောင့်
ဆွေးသက်ပြင်းသာခပ်ဖြေးဖြေးချမိသည်။
မောင်အခုချိန်မှာ ဘယ်လိုခံစားနေရမလဲ
သိတယ်။
ဒါပေမယ့်အခုလို ငူငိုင်နေကာ
အရက်တွေဘဲ သောက်နေတယ့်မောင့်ကို
ဆွေးစိတ်ပူတယ်။
အခုဆိုရင် မောင့်အမေနဲ့အစ်မရဲ့
နာရေးလည်း ပြီးပြီ
နိုင်ငံရပ်ခြားမှာ ဆုံးတာမလို့
ဒီနိုင်ငံကို ပြန်သယ်လို့မရတာမလို့
ထိုမှာသာ သဂြိုလ်ဖို့လုပ်ရာ
မောင်သည် လေယာဥ်နဲ့
အားခြင်းသွားလိုက်ရသည်။

ထိုနေ့မှစ၍ ပြန်လာသောအခါ
မောင်က ပြင်ပနဲ့ထိတွေ့ခြင်းမရှိတော့ဘဲ
တစ်ဦးတည်းသာနေနေတော့သည်။

အခု ဆွေးမောင့်ဖို့ချက်ပြုတ်ထားတယ့်
ဟင်းတွေကို သယ်ထားရင်းနဲ့
မောင်ရှိရာ စာကြည့်ခန်းဆီကို
ဦးတည်လိုက်သည်။
စာကြည့်ခန်းတံခါးကို ဆွေးခေါက်မနေတော့
တံခါးဖွင့်လိုက်ဝင်လိုက်တယ့်အခါမှာတော့
ထင်ထားတာထက်ဆိုးစွာ မောင်ဟာ
ဆေးလိပ်ငွေ့တို့ကို မှုတ်ထုတ်နေလေရဲ့။

*ကိုယ့်ရဲ့ယုန်ပေါက်လေးရယ်
ကိုယ်ဘယ်လို မင်းလေးကို နှစ်သိမ့်ရမလဲ*

လက်ထဲကစားစရာဗန်းတွေကို
ဘေးက စားပွဲလေးဆီတင်ကာ
ဆွေး မောင့်ကိုခေါ်လိုက်သည်။

"မောင်"

လှည့်ကြည့်လာတယ့်မောင့်မျက်ဝန်းတွေမှာ
ကြေကွဲရိပ်တွေနဲ့အတူ
ဆွေးကို ဒီလိုပုံစံမမြင်စေခြင်တယ့်
အရိပ်အယောင်တွေတောင် ပါနေသည်။

*ချစ်တတ်လိုက်တာမောင်ရယ်"

ဆွေး ဆေးလိပ်နဲ့တစ်ချို့ကြောင့်
နှာခေါင်းပိတ်ကာအနားသွားတော့
မောင်ဟာ ချက်ချင်းသူ့လက်ထဲက
ဆေးလိပ်ကို မီးငြိမ်းကာ
ဆွေးကို ကျောခိုင်းလိုက်လေသည်။
ထွက်ပေါ်လာတယ့် မောင့်အသံဟာ
ဝမ်းနည်းမှုတွေနဲ့ အက်ကွဲစွာ

"ဘာလို့ ဒီထဲကို ဝင်လာတာလဲ
အချစ်"

"မောင့်ကို ဆွေးစိတ်ပူလို့"

"အခုထွက်သွားအချစ် "

ရတု ဆေးလိပ်နံ့တွေနဲ့ နံနေသောကြောင့်စိုးရိမ်ကာ​
အသံမာမာဖြင့်ပြောမိသည်။
ထိုသို့ပြောပြီးမှ အချစ်ဟာ
ဗိုက်ကလေး ဝမ်းနည်းသွားမှာကို
တွေးမိပြန်တော့ ခြေဖျားလက်ဖျားတွေ
အေးစက်သွားသည်။
နောက်ကိုလှည့်မကြည့်ရဲပေ
မောင့်ရဲ့ ပြိုလဲနေတယ့်ပုံစံကို
အချစ်ကို မပြခြင်။
မောင့်ရဲ့အခုလို နှာခေါင်းရှုံခြင်စရာ
အခြေအနေကို ဆွေးကို မမြင်တွေ့စေလိုပေ။

မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေး {Complete}မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေWhere stories live. Discover now