Ep40

3.7K 177 1
                                    

ဆွေးအခန်းထဲကို ဝင်လာလာချင်း
တွေ့လိုက်ရတယ့် ပုံစံကြောင့်
ရင်ထဲဘာမှမဖြစ်ပါဘူးလို့
ပြောရင် ဒါဟာဆွေးလိမ်တာပင်။
ချစ်ရတယ့်မောင်နဲ့
ပူးကပ်နေသလိုဖြစ်နေတယ့်
သူစိမ်းမိန်းကလေးတစ်ယောက်ရဲ့ ပုံစံဟာ
ဆွေးမျက်ဝန်းတွေထဲ ဘယ်လိုမှ
ကြည့်လို့ရစရာမရှိ။

မောင့်ကို ဒေါသထွက်သလိုဖြစ်သွားပြီး
ဆွေးအခန်းထဲကနေ ပြန်လှည့်ခြင်ပေမယ့်
ထိုသို့ ပြန်လှည့်ခြင်တယ့်
ခြေလှမ်းတွေကို မလှည့်ဖြစ်အောင်
ဆွဲထားသည်မှာ
မောင်ကဆွေးကိုချစ်တယ်
မောင်နဲ့တရားဝင်ဆွေးက လက်ထပ်ထားတယ်
ဆိုတယ့် အသိဖြစ်သည်။
ထိုအသိ​ေကြာင့်သာ
ဆွေး ဘာမှမဖြစ်သလို အခန်းထဲသို့
ဝင်လိုက်ခြင်းပင်။
အခုလည်း မောင့်နက်ခ်တိုင်ကို
တစ်ဖက်ကဆွဲလို့ ချွေးသုတ်ပေးလိုက်တော့
ကျေနပ်တယ့် အပြုံးကြီးပြုံးကာ
ခါးပေါ်ကို ရောက်လာတယ့်
မောင့်လက်တွေကြောင့်
ဆွေး စိတ်ထဲက တင်းနေတာလေးတော့
အနည်းငယ် လျော့သွားတာ အမှန်ပင်။

တစ်ဖက်က မိန်းကလေးကတော့
ဆွေးနဲ့ရတုကို သေချာကြည့်နေရင်းမှ
ကျောက်ရုပ်လိုဖြစ်နေရာကနေ
လက်ညိုးထိုးကာမေးလာသည်။
မောင်နဲ့ဆွေးဟာ ဘာတွေလဲတဲ့
ဆွေးကတော့ မောင့်နှုတ်ခမ်းလေးကို
နမ်းကာ
ကိုယ့်ခင်ပွန်း ကလေးတွေဖေဖေလေလို့
ပြောလိုက်သည်။

"တကယ်ကြီး!!"

အော်ကာထွက်လာတယ့်အသံ
ဆွေးကိုယ်လေးတုန်ခနဲဖြစ်သွားတော့
မောင့်ရဲ့ စူးစူးရဲအကြည့်တွေက
သူမထံသို့
ဆွေးကတော့ သဝန်တိုစွာ
မောင့်ပါးလေးကနေကိုင်လို့ ဆွေးဘက်ကို
ဆွဲလှည့်လိုက်သည်။

"ကိုယ့်ကိုဘဲ ကြည့်နေမောင်"

"ဟုတ်ပါပြီ မောင့်ခင်ပွန်းကိုဘဲ
မောင်ကြည့်နေပါ့မယ် တစ်ခြားအရာတွေကို
မကြည့်ပါဘူးနော် အဲ့ဒါတွေက
အရေးမှမပါတာ"

ရတုနဲ့ဆွေးရဲ့စကားကို နားထောင်နေတယ့်
မိန်းကလေးက လက်ကလေးနှစ်ဖက်
မြှောက်လို့ ထိုင်ခုံကနေထလာသည်။

"တို့ အရှုံးပေးတယ်
ဒီက ဦးရတုမှိုင်းခကို တို့က
လူပျိုလို့ထင်ထားတာ
ပြီးတော့ ဒီဘက်ကယူ့အမျိုးသား ဦးရတုက
သိပ်ကြည့်ကောင်းနေတယ်လေ
အဲ့တော့ ကိုယ်လည်း ခင်ပွန်းကောင်းလေး
လိုချင်မိတာပေါ့
အခုတော့ မင်းတို့စိတ်ချပါ
တို့က သိက္ခာရှိတယ့် မိန်းကလေးတစ်ဦးပါ
မင်းတို့ကြား တို့ဘာမှဝင်ရှုပ်မှာမဟုတ်ဘူး
စောနကလည်း သဘောကျမိသွားတာပါ
အထင်မလွဲပါနဲ့နော်
တို့တစ်ကယ် အိမ်ထောင်သည်မှန်းမသိလို့
ဒီက ချစ်ဖို့ကောင်းလွန်းနေတယ့်
ပိုင်ဆိုင်ကြောင်းပြတတ်တယ့်
အမျိုးသားလေးက
တို့ကို ခွင့်လွှတ်ပေးနိုင်မလား"

မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေး {Complete}မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေOpowieści tętniące życiem. Odkryj je teraz