Ep52

2.3K 111 3
                                    

"မောင်ရေ မြန်မြန်လုပ်လေကွာ"

အောက်ထပ်ကနေ
လှမ်းခေါ်တယ့်အချစ်ကြောင့်
ရတုလည်း အဝတ်အစားကို မြန်မြန်လဲလို့
အချစ်ဝယ်ပေးထားတယ့် ရေမွှေးလေးကို
ရွှီခနဲ ဖြန်းလိုက်ရင်း
ဘေးနားက လွယ်အိတ်ကော်ဖီရောင်လေးကို
ဆွဲလို့ လွယ်ကာ ခြေလှမ်းသွက်သွက်လေးတွေဖြင့်
အောက်ထပ်ကို ပြေးဆင်းသွားသည်။
မဆင်းခင်လည်း အမွှေးလုံးနဲ့ သေးသေးကိုပါ
အရချီလို့ ခေါ်လာရသေးသည်။
ဒီရောက်မှ သူတို့ကိုကြည့်ပေးမယ့်သူတွေနဲ့
ကလေးတွေနဲ့ အပြိုင်ပါ ဗိုလ်လုပ်နေတယ့်
နှစ်ကောင်က ဝတိုလို့
ဆွဲညစ်ခြင်စရာ ဟိုတစ်နေ့ကတောင်
ရတုဆွဲညှစ်မိလို့ သူ့သားတွေကို
မတော်မတရားလုပ်ရမလားဆိုပြီး
ဆွေး ခေါက်တာကို ခံလိုက်ရသေးသည်။

အတွေးတွေလည်းတွေးရင်းနဲ့
သွက်လက်တယ့်ခြေလှမ်းတွေကြောင့်
မာစီဒီးကားရှေ့မှာ စောင့်နေတယ့်
အချစ်ဆီသို့ ခပ်မြန်မြန်ရောက်ရှိသွားသည်။

ရတုမှိုင်းခ ကားနားမှာမတ်တပ်ရပ်နေတယ့်
ဆွေးရှေ့ကိုရောက်တော့ 
ဆွေးက ရတုလက်ထဲက အကောင်ပေါက်တွေကို အသည်းတယားယားဖြစ်နေပုံလေးမှာ
သိပ်ကိုအသည်းယားစရာကောင်းလှသည်။
ခပ်အုပ်အုပ်လေးမျက်နှာပေါ်ကျနေတယ့်
ဆံပင်လေးတွေ
ပါးဖောင်းလေးလေးက အရမ်းလည်းမဟုတ်
အနည်းငယ်သာ ဖောင်းနေခြင်းသာ
နှုတ်ခမ်းသားခပ်ထူထူလေးကလ
မနေ့ကရတုနဲ့ အနမ်းတွေကြောင့်
နီရဲကာဖောင်းလို့ ကြွတက်နေတာက
နောက်တစ်ကြိမ်နမ်းပစ်ခြင်စရာကောင်းလှသည်။

အမွှေးလုံးနဲ့ သေးသေးကို ရင်ခွင်ထဲထည့်ကာ
လွှဲပြောင်းကာ ချီထားလို့
ပြုံးရယ်နေတယ့်အချစ်မျက်နှာလေးကြောင့်
ရတုမှာ ပတ်ဝန်းကျင်ကိုတောင် မေ့သွားရသည်။
နောက်ဆုံး ကားပေါ်ကဇင်ရဲ့
အစ်ကိုကြီးရေ အဟမ်းဆိုတယ့်
အသံကြားမှ သတိဝင်လာတယ့်ရတုမှိုင်းခ
အဖြစ်ပါလေ။

ခရီးလေး တစ်ပတ်လောက်သွားမှာကို
လာပြီးတော့ နှုတ်ဆက်နေတယ့်
တပည့်အများအပြားကိုလည်း
ရတု ဘာမှမပြောခြင်တော့တာကြောင့်

"ချစ်ချစ်ခင်ခင်နဲ့နေကြ
အိမ်တော်ကိုလည်း စောင့်ရှောက်ဦး
ရန်ဖြစ်တာမကြားခြင်ဘူး"လို့သာ
မှာခဲ့လို့ အချစ်လက်ကိုဆွဲကာ
လေဆိပ်ဆီကိုသာ ထွက်လာခဲ့တော့သည်။
အိပ်ပျော်နေကြတယ့် ဘေဘီလေးတွေကလည်း
နောက်ခန်းမှာ
ကြယ်လေးကလည်း ဇင်ရဲ့ရင်ခွင်ထဲမှာ
အိပ်ပျော်နေတာ သရည်တောင်ကျလို့
ကားလေးစထွက်တာနဲ့ ငိုက်နေသေးတယ့်
အချစ်ကြောင့် ရတု ပုခုံးလေးကို မှီစေကာ
ကားသမားကို ဖြေးဖြေးသာမောင်းခိုင်းဖို့
ပြောလိုက်သည်။

မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေး {Complete}မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေNơi câu chuyện tồn tại. Hãy khám phá bây giờ