Ep23

3.9K 209 6
                                    

မနက်နိုးနိုးချင်း ကြားလိုက်ရတယ့်
သတင်းက ဆွေးနဲ့မောင့်ကို
စိတ်မကောင်းဖြစ်စေသည်။
သားသားရဲ့မေမေဟာ အခြေအနေမကောင်းဘူးတယ့်
အမြန်ပင် သားကိုချီလို့
ဆွေးနဲ့ရတု ဆေးရုံသို့ အမြန်သွားဖြစ်သည်။

"မောင် ဒီမှာခနလေးစောင့်နေနော်
ကိုယ်ပြန်လာခဲ့မယ်"

ဆေးရုံနံ့တွေမခံနိုင်တယ့်မောင်ကြောင့်
ဆွေး မောင့်ကို
အပြင်က မု့န်ဆိုင်လေးမှာ
ထိုင်နေခိုင်းလိုက်သည်။

"ရရဲ့လားဆွေး မောင်လိုက်ခဲ့မယ်လေ"

"ရပါတယ်မောင်ရဲ့  ဒီမှာခနလေးစောင့်နေနော်"

"ဟုတ်ကဲ့ပါ မောင်က ကလေးလေးမဟုတ်ပါဘူး
စိတ်ချလက်ချသွား ဟုတ်ပြီလား"

"အွန်း အွန်း သွားပြီနော် ဒါလင်"

ကလေးလေးကို ချီကာ ဆေးရုံထဲသို့
ဝင်သွားတယ့် ဆွေးကြောင့်
ရတုလည်း အေးဆေးသာထိုင်နေလိုက်တော့သည်။

ဆွေး ဆေးရုံထဲသို့ရောက်တာနဲ့
မနေ့က သားသားအမေကို ထားတယ့်
အခန်းကို သွားလိုက်တော့
အောက်ဆီဂျင်ပိုက်နဲ့ ကောင်မလေး
ဆွေးတို့နှင့် ရွယ်တူလောက်သာ
ရှိဦးမည်။
သူနဲ့သားနဲ့ အနားကိုရောက်သွားတော့
လက်ထဲက သားသည် သူ့မေမေကို
သိနေတော့ ကော့လန်ကာ အော်လာသည်။
ထိုအခါ မျက်လုံးလေးပွင့်လာတယ့်
မိန်းကလေး
မျက်ရည်တွေဝဲနေကာ
သားလို့ တိုးတိုးလေးခေါ်လေသည်။

ဆွေးသည်လည်း ကုတင်ဘေးက
လူနာစောင့်ခုံလေးမှာထိုင်လိုက်တော့
ဆေးသွင်းထားတယ့် လက်ကလေးနဲ့
ကောင်မလေးဟာ သားရဲ့ လက်ဖောင်းဖောင်းလေးကို
စုပ်ကိုင်ထားလေသည်။

"ဒေါက်တာ"

"ဟုတ်ကဲ့"

"ဖြစ်နိုင်ရင်လေ ဖြစ်နိုင်ရင် သားကို
စောင့်ရှောက်ပေးနိုင်မလားဟင်'

အက်ကွဲနေတယ့်အသံနဲ့ကောင်မလေးဟာ
ငိုချလာလေသည်။

"မိန်းကလေး ငိုရင် မင်းရောဂါပိုဆိုးလိမ့်မယ်
မငိုပါနဲ့နော်"

"သားကိုစောင့်ရှောက်ပေးပါနော်
ကျွန်မ ရှေ့နေ့ကိုလဲ ခေါ်ထားပါတယ်
ကျေးဇူးပြုပြီးသားကို စောင့်ရှောက်ပေးပါ
အစ်ကို{ကလေးလေးအဖေ}ကလည်း
လုပ်ကြံခံရလို့ မနေ့ကတင် ထွက်ခွာသွားရပြီ
အခု ကျွန်မအခြေအနေကိုလည်း သိတယ်
တောင်းပန်ပါတယ်ရှင်
ကျွန်မတို့မိသားစုမှာ ယုံကြည်ရမယ့်သူမရှိဘူး
ကျွန်မ ကလေးလေးသေသွားလိမ့်မယ်ရှင့်"

မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေး {Complete}မောင့်ရဲ့ဆွေး {or} မောင့်ဒေါက်တာလေDonde viven las historias. Descúbrelo ahora