5.Hᴇʏ ʙᴏʀ(ᴢᴀᴡɢʏɪ)

369 33 2
                                    

Hey bro....

"Happy birthday bro"

Hawaiiမှာ သူငယ်ချင်းတစ်စုနဲ့စီနီယာအစ်ကိုကြီးတွေနဲ့သွားကြတုန်းက
သူသဘောကျတဲ့ hyungပါ လိုက်လာသေးတယ် အဲ့တုန်းက သွားချင်တဲ့နေရာချင်းမတူကျလို့ ဟိုဆော့ဟျောင်သွားချင်တဲ့ဆီကိုဘဲ မဲလိုက်ခဲ့တာ နှစ်ယောက်တည်းဖြစ်နေတာ ကံသိပ်‌ကောင်း...

တယ်လို့မထင်ပါနဲ့ သူငယ်ချင်းတွေကိုမလိုက်ဖို့ ပိုက်ဆံပေးပြီးကို တောင်းဆိုထားရတယ် နှစ်ယောက်တည်းသွားချင်လို့ပေါ့

အဲ့နေကအမှတ်တရရိုက်သိမ်းထားတဲ့ပုံလေးကို IG storyမှာ HAPPY BIRTHDAY BROဆိုပြီးတင်ပေးထားတာ
Bro ဆိုပြီး ဘယ်သူက ကိုယ်ပုံကိုအမှတ်တရသိမ်းထားမှာလဲ မင်းတို့ဘဲစဉ်းစားကြည့်လေ သူဟာ‌သူလူတိုင်းအပေါ်ဘယ်လောက် နွေးနွေးထွေးထွေးဆက်ဆံ ငါလို storyမှာ အသဲတွေကြဲပြီး ငါပုံကိုအခုထိသိမ်းထားမှာလဲ

"ဟိတ်ကောင် အဲ့လောက်ကြီးပြုံးဖြီးမနေပါနဲ့ broရာ broဇာတ်သွင်းခံရတဲ့ ကျောင်းက kingကြီးတဲ့ကွာ"

"Broလို့မခေါ်စမ်းနဲ့ hyungဘဲခေါ်ပါ့စေ ဘာမှတ်နေလဲ အထင်မသေးနဲ့ကွ Googleမှာခေါက်ကြည့် တောသားရ အဆင့်မြှင်နေပြီကွ"

"ဘာတွေများအဆင့်မြှင့်နေလို့လဲ "

"ငတုံးကောင် broဆိုပြီး ထရန်စလိတ်ရိုက်ရှာကြည့်စမ်းပါ (မောင်) ဆိုပြီးပေါ်လာတာ ဘယ်လောက် ကြည်နူးဖို့ကောင်းလဲ"

"ဟ စောက်ရူးဘဲ"

"ရူးတယ်ကွာ ငါကိုမောင်လို့ခေါ်လိုက်တာကွ သွယ်ဝိုက်နည်းနဲ့ "

"အရူးစိတ်ချမ်းသာရင်ကမ္ဘာကြီးအေးချမ်းတယ်တဲ့ အေးပါ ပျော်သလိုနေ"

"မွေးနေ့မှာမင်းတို့လိုကောင်တွေဘာမှမကျွေးဘူး ငတ်ပြီမှတ် မောင့်ဘေဘီလေးနဲ့ဘဲ သွားဆွဲတော့မယ်"

"အိုဟိုး မကျွေးရင်နေပေါ့ ငါက ဟိုဆော့ဟျောင်ကို မင်းhawaiiက လက်ထိုးတဲ့အကြောင်းတွေပြန်ပြောပြမယ် ဟိုဆော့ဟျောင်နဲ့အခန်းအတူကျဖို့ဘယ်လိုလက်ထိုးခဲ့တယ် ငါတို့ကိုမလိုက်လာဖို့ ဘယ်လို‌တောငိးပန်ခဲ့လဲဆိုတာ"

"ချီးဘဲ အေးပေါ့လေ မောင့်ဘေဘီလေးက မောင့်အားနည်းချက်ဖြစ်နေတော့လဲ လူများတွေအနိုင်ကျင်တာခံရတော့တာပေါ့"

Vʜᴏᴘᴇ Oɴᴇsʜᴏᴛ CᴏʟʟᴇᴄᴛɪᴏɴWhere stories live. Discover now