11.Cʜᴀɴɢᴇ(ᴜɴɪᴄᴏᴅᴇ)

1.1K 110 66
                                    

"ဟိုဆော့ မင်း queen နဲ့တွဲနေတယ်ဆို တကယ်ဘဲလား"

ထိုအရာသည်အမှန်ဖြစ်ကြောင်း ခေါင်းမော့ရင်ကော့ပြီး အနိုင်ရတဲ့အပြုံးတစ်ပွင့်ကထိုသူမျက်နှာထက်ရက် စမက်ကျစွာရှိနေတယ်လေ။
Kingမဟုတ်သော်လည်း kingလောက်မချောပေမယ့်လည်း မိန်းကလေးတွေကြား ဖက်ရှင်ကြောင့်ရော ဆံပင်ကိုသန့်ပြန့်နေအောင် အမြဲလှန်တင်ထားပြီး သန့်သန့်လေးနဲ့ အလှအပသိပ်ဂရုစိုက်လွန်းတဲ့ Jung Hoseokဆိုတဲ့ ပျိုတိုင်းနီးပါကြိုက်တဲ့ကောင်လေးတစ်ယောက်ဖြစ်နေသလို လူရှုတ်လူပွေတစ်ယောက်နီးပါးပါ
ကောင်မလေး လေးယောက်ထားဖူးနေပါပြီ အခု queen ကိုပါရသွားတော့ငါးယောက် တစ်ကျောင်းလုံး queenဆိုတော့လဲ အရင်ကထက်လူကြားထဲ ထိန်လင်းသွားတာပေါ့။

"ဝါး!!!"

အံ့ဩသံများနဲ့လပ်ခုပ်သံများပါ ဆူညံ့ကုန်တယ် ဟိုဆော့ကတော့ဖင်တမြှောက်မြှောက်နဲ့ ။

"ရော့ကွာ....မင်းကလေတကယ်ပါဘဲကွာ"

ရှိသမျှပိုက်ဆံအကုန် အရှေ့ကတစ်လက်လက်တောက်ပနေတဲ့ဟိုဆော့လက်ထဲရောက်သွားတော့တယ် တစ်ပတ်အတွင်းဟိုဆော့ကိုပေးတဲ့ကတိတည်ဖို့ အိမ်ကနှိုက်လိုက်ဟိုကဆွဲလိုက်နဲ့ ပြည့်အောင်မနည်းကြံလိုက်ရတာ အေးပေါ့လေ ရင်းလိုက်မိတဲ့ကိုယ်ကလဲမှားတာကို။

"မြင်ပြီမို့လား ဟိုဆော့မလိုက်နိုင်တဲ့မိန်းကလေးမရှိပါဖူးလို့ ယောင်္ကျားလေးဆိုရင်တောင်ဟိုဆော့လိုလူမကြွေဘဲနေနိုင်မှာမဟုတ်ဖူး"

ဒီကောင် ဘ၀င်လေဟောက်နေတာဘဲ လာအုန်းမယ် မင်းရဲ့အမောက်ကိုချိုးပြအုန်းမယ်။

"ဘာ ဟိုဆော့ တကယ်ယောင်္ကျားဆိုရင်လဲလိုက်နိုင်လား"

ဟိုဆော့မျက်ခုံးမြှင့်တတ်သွားတာမြင်လိုက်တယ် အဲ့လိုတောင်ချောနေသေးတာ ဘ၀င်မြှင့်တာလဲမပြောတော့ပါဖူး။

"ဖြစ်နိုင်တဲ့လူဆိုရင်ပေါ့..."

"ဟာ ဖြစ်နိုင်တဲ့သူတော့ ကစားရင်ဘယ်ပျော်ဖို့ကောင်းမှာလဲ ဟုတ်တယ်မို့လားဟိုဆော့...."

ထိုစကားကြားတော့ ဟိုဆော့သဘောကျသွားတာသေချာရင် အပြုံးခပ်ရေးရေးမြင်လိုက်တယ်လေ။

Vʜᴏᴘᴇ Oɴᴇsʜᴏᴛ CᴏʟʟᴇᴄᴛɪᴏɴWhere stories live. Discover now