6.မောင် (Zawgyi)

292 19 1
                                    

သဝှေထိုး မရေးချ င့သတ် *မောင်*

မောင်တဲ့လေ ဘယ်သူထင်မှာလဲ ‌ရွာကိုရောက်လာတဲ့ ဆရာလေးက ငါ့ရဲ့ချစ်သူဖြစ်လာမယ်ဆို‌တာ မထင်မှတ်ဘဲ ယောင်္ကျားလေးတစ်ယောက်ကိုချစ်မိတာ အပြစ်တစ်ခုလား
မင်းတို့သိမှာပေါ့ ဒီလို့အချိန်က အခုအချိန်လို ခေတ်မှီမတိုးတတ်ဖူးလေ ပြီးတော့ ကျွန်တော်တို့‌ကရွာဆိုတော့ ရှေးရိုးစွဲတွေရှိကြသေးတာ

*ဇာတ်လမ်းလေးအစကဒီလိုရှိတယ်*

ကျွန်တော်တို့တောရွာက ကလေးတွေကို စာသင်ပေးဖို့ Kim Taehyungဆိုတဲ့ ဆရာလေးရောက်လာတယ် ဆရာလေးက တကယ်မြို့သားလေးပေါ့ ရွာကမိန်းမပျိုတွေဆို ဆရာလေးကို ရချင်တာတစ်ပိုင်းသေ အေးပေါ့လေ မြို့သားဖြစ်သလို့ ချောကလည်းချောတော့ လိုချင်ကြတာမစန်းပါဘူး။
တကယ်တော့ စန်းတာကငါ ဘာကြောင့်မှန်းမသိ ယောင်္ကျားလေးတစ်ယောက်ကိုမြင်မြင်ချင်းရင်ခုန်မိသွားတာ ငါသိလို့ ရှေ့ဆက်မထိုးတော့ပါဘူး ဒီတိုင်းတိတ်တိတ်လေးဘဲ ဆရာလေးကိုငေးကြည့်ချင်သေးတယ်

ကျွန်တော်မှာ ညီလေးရှိတယ်ဗျ သူက ဆရာလေးဆီစာသွားသွားသင်တယ် ကျွန်တော်ကတော့ ဆရာလေးကိုအမြဲချောင်းချင်လို့
Jung HoJi ‌ကိုအမြဲကျောင်းသွားကျောင်းပို့ လေ့ရှိတယ် ဆရာလေးတော့သတိထားမိတယ်ထင်ပါတယ်

အော် မိတ်ဆက်ပေးရအုန်းမယ် ကျွန်တော်နာမည်က Jung Hoseokပါခင်ဗျ
ခစ်ခစ် သိလား ကျောင်းတတ်ချင်းက ဆရာလေးကရွာကကလေးတွေအဲ့လိုမိတ်ဆက်ခိုင်းတာ တစ်ခါတစ်လေ အားနေရင်တော့စာသင်တာသွားသွားချောင်းပါတယ်
ဘာ‌တွေမှတ်မိလာလည်းဆိုတော့ *၀လုံး* ဆိုတဲ့ဝိုင်းဝိုင်းလေးကိုတော့မှတ်မိလာတယ် ဘာလို့ဆို ကျွန်တော့်ပါးက ပါးကွပ်လို့ ဝိုင်းဝိုင်းလေးလေ

ဟုတ်တယ် ရွာမှာမိန်းကလေးတွေဘဲလိမ်းရတဲ့ သနပ်ခါးကို ကျွန်တော်လည်း ဘယ်သူမှမရှိတဲ့ အချိန်တွေ အိပ်ချိန်တွေဆိုလိမ်းတယ် နေလည်ပိုင်းတွေတော့မလိမ်းရဲဘူး သူတို့က ပြောကျမှာဗျ

~~~~~~~~~~~~~~~~~~

ဒီနေ့ အိမ်မှာ မုန့်ညင်းပေါင်းလုပ်တယ် ဒီဒေသမှာတော့မထူးစမ်းဖူးပေါ့ ဆရာလေးလို့မြို့ကသူတွေတော့ ဒီအစားအစာက ခပ်ရှားရှား ပြီးတော့ ကျွန်တော်တို့တောက လက်ယာလုံးဝမမိပါဘူး ဒီ‌ဟာက ကျွန်တော်ကိုယ်တိုင်လုပ်ထားတော့ပိုကောင်းတာပေါ့ ဟိုဂျီကို ကျောင်းလိုက်အပို့ ဆရာလေးအတွက်လည်း ဖတ်ထုပ်နဲ့ထုပ်ပြီးယူသွားသေးတယ် ဘာလို့ဆို ဟိုဂျီကပြောတယ် ဟိုနေ့ကကျောင်းသားတစ်ယောက် ဆရာလေးကို မုန့်ညင်းပေါင်းကျွေးတော့ ဆရာလေးကကြိုက်လို့တဲ့လေ အဲ့တာကြောင့်သေချာပူပူလေးထုတ်လာတာ

Vʜᴏᴘᴇ Oɴᴇsʜᴏᴛ CᴏʟʟᴇᴄᴛɪᴏɴWhere stories live. Discover now