7. Tᴏᴘ ᴘᴇʀsᴏɴ (Unicode)

1.4K 143 73
                                    

𝘢 𝘭𝘪𝘵𝘵𝘭𝘦 𝘮𝘢𝘵𝘶𝘳𝘦⚠︎

"အခုခေတ် ငါတို့လိုလူငယ်တွေကဆန့်ကျင်ဘက်လိင်တွေပိုစိတ်၀င်စားလာကြတယ် "

"အေး မင်းတောင်မင်းကောင်နဲ့မို့လား"

"ဟားဟား ငါလည်းအစကအဖြောင့်ပါကွ ဒါပေမယ် ကွေးသွားတာဘယ်တတ်နိုင်မလဲ"

"ဒါနဲ့ မင်းက Top ဆိုတာသေချာရဲ့လား "

"ဟ ငါလိုပုံစံ bottomဖြစ်မလား သေချာပေါက်topပါကွ"

"မင်းတို့ဘာအကြောင်းတွေပြောနေကြတာလဲ"

"ဟ ဟိုဆော့မင်းရောက်တာနောက်ကျတယ် ငါတို့ပြောတာတွေမင်းသိမှာလဲမဟုတ်ပါဘူး မင်းလိုအင်နို့စန်ကောင်က topနဲ့ bottomတောင်ကွဲမှာမဟုတ် ဟားဟား"

"ဘာ!! ငါငတုံးမဟုတ်ဖူးကွ မင်းတို့ပြောသမျှအကုန်သိတယ်"

"ဟုတ်ရဲ့လား ငါ့ကောင်ရ... ငါသိတာတော့ဂျောင်ဟိုဆော့က သူမိဘတွေဖူးဖူး‌မှုတ်ထားတဲ့ဘာမှမသိတဲ့ငတုံးလေးပါ"

"မဟုတ်ပါဘူးဆို"

"ဟဲ့ကောင်တွေ ‌ဒီကောင်ပုံစံကြည့်စမ်းပါအုန်း သေချာပေါက် ဘောတွန်ထိုင်ရမဲ့ကောင်း ဟားဟား မိန်းမကြီးကျလို့"

"ငါ ငါမိန်းမမဟုတ်ပါဘူး ယောင်္ကျား ပြီးတော့ ဘောတွန်လည်းမထိုင်ဘူး မင်းတို့ပြောတဲ့တော့ဘဲ အပေါ်မှာဘဲအမြဲတမ်းငါက"

"ဟားဟား မင်းလိုကောင် အထက်ပုဂ္ဂိုလ်သာဖြစ်ရင် ထိုင်ရှီခိုးပြမယ်"

__________________________________

"တောက်!! ငါ့ကိုဆိုအမြဲအနိုင်ကျင့်ကြတယ် ငါကဘာဖြစ်နေလို့လဲ သူ‌တို့တွေအကုန် ကောင်လေးရှိတယ်ဆိုပြီး ငါကိုဆိုအမြဲအနိုင်ကျင့် ဂျောင်ဟိုဆော့ကွ မရချင်လို့ရချင်ရင်ဟော့တစ်ယောက်ဟော့တစ်ယောက်ခေါင်းခေါက်ပြီးယူရတယ် ကြည့်နေသူတို့ထက်သာတဲ့ ဘဲကြီးနဲ့တွဲပြမယ်"

*ဘုန်း!!*

"အာ့ ဘယ်သူလဲကွ လူတစ်ယောက်လုံးတောင်မမြင်ဖူးလား"

"အပေါ်ကိုမောကြည့်လိုက်အုန်းကောင်လေး"

ဘာလဲ ဘာလဲ ဒီလူအရပ်ကဘယ်လောက်ရှည်နေတာလဲ ငါပုတာမဟုတ်ဖူးသူက‌ရှည်နေတာ နေပါအုန်း အပေါ်ကြီးမော့ကြည့်ရတဲ့အထိလဲမရှည်ဘဲ စောက်ပိုတွေပြောနေတယ် ဒီဘဲကြီး

Vʜᴏᴘᴇ Oɴᴇsʜᴏᴛ CᴏʟʟᴇᴄᴛɪᴏɴWhere stories live. Discover now