10.လေညင်းနဲ့အတူ(uni)

477 63 9
                                    

"ကောင်လေး ဘာလို့ အ‌အေးခံပြီး ဒီနေရာအမြဲလာနေရတာလဲ "

ထိုကောင်လေး‌သည် ဒီနေရာကိုအမြဲလာတတ်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်နေတတ်တယ်။
ဒီနေရာ ပန်းပေါင်းများစွာကို မြင်နိုင်တဲ့ နေရာကောင်းဖြစ်ပေမယ့် ‌ညဘက် လေညင်းတိုက်တော့အရမ်းအေးရှာမှာ။
ဒီလို အသက်ငယ်ရွယ်နုပျိုတဲ့ကောင်လေးတစ်ယောက် ဒီနေရာမျိုး တငိုငိုတရီရီနဲ့မြင်နေရတာကြာတော့ စိတ်မကောင်းမိ။

"လေညင်းတွေနဲ့အတူ သူရှိနေသေးတယ်ဆိုတာကျွန်တော်သိတယ် သူပြန်လာမှာကိုစောင့်နေတာပါ"

"အို~ကောင်ငယ်လေးရယ်"

ဘယ်လိုကံကြမ္မာဆိုးကများ မလွတ်မြှောက်စေတာလဲ။

~~ဤသို့ဖြင့်လေညင်းနဲ့အတူစတင်ခဲ့သည်~~

"ဟိုဆော့ မင်းကလဲ ဒီလောက်လေးပြေးရတာအဲ့လောက်မောနေရလား"

"ဆော..ဆောရီပါ... ရော့ မင်းလွယ်အိတ်"

အဲ့တုန်းက အသက်ရှူသံပြင်းပြင်းနဲ့ သူရဲ့စကားပြောသံတွေကို ဘာလို့သတိမထားခဲ့မိတာလဲ ပုံမှန်မဟုတ်တဲ့ကောင်လေးတစ်ယောက်က ကိုယ်ကိုခင်တွယ်နေတာကို ဘာလို့အနိုင်ယူချင်ခဲ့တာလဲ စသောမေးခွန်းတွေက အမှတ်တရတိုင်း တန်းစီနေခဲ့တယ် အဲ့တုန်းကသာ အဲ့တုန်းကသာသိခဲ့ရင် လေညင်းတွေနဲ့အတူအထီးကျန်နေခဲ့မှာမဟုတ်ဘူး။

ဟိုဆော့ဆိုတဲ့ကောင်ငယ်လေးက ကျွန်တော်နဲ့ရွယ်တူ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။
သူနဲ့ငယ်ငယ်ထဲကပေါင်းခဲ့ကြတယ် ကျွန်တော်သူ့ကိုအမြဲဗိုလ်ကျတတ်ပေမယ့် သူကတော့အမြဲသီးခံပေးတယ်။
အကြောင်းပြချက်က~ သူမှာကျွန်တော်ကလွဲလို့သူငယ်ချင်းမရှိလို့ပေါ့။

အဟက်အရင်ကအဲ့လိုထင်ခဲ့တာလေငါက ဒါပေမယ့် မင်းအချစ်တွေမမြင်ခဲ့ဘူး ဟိုဆော့မင်းငါ့ကိုဘယ်ကတည်းကသဘောကျနေတာလဲမသိပေမယ့် မင်းမရှိမှသိလိုက်ရတာ... မင်းကငါ့ကိုလိုအပ်တယ်လို့ထင်ထားပေမယ့် တကယ်တမ်း မင်းကငါကိုလိုအပ်နေတာ မဟုတ်ဘူး ငါကမင်းမရှိဘဲလုံး၀ မနေနိုင်တော့တာ။

"မေမေသားလည်းထယ်နဲ့အတူကျောင်းဆက်တတ်ချင်တယ်လေ"

"မရဘူး သားလေး သားကထယ့်လို့ကျန်းမာအောင်မှမနေတာ သားကျောင်းမတတ်လည်းဘာမှမဖြစ်ဘူးလေ မေမေနဲ့ဖွားဖွားနဲ့အတူ ပန်းတွေစိုက်ပြီး ဒီမြေယာလေးတည်းတူတူနေကြမယ်လေ "

Vʜᴏᴘᴇ Oɴᴇsʜᴏᴛ CᴏʟʟᴇᴄᴛɪᴏɴWhere stories live. Discover now