9.Cᴀᴘᴛɪᴠᴀᴛɪɴɢ(uni)

1.1K 120 106
                                    

Warning: little Mature
Omegaver;

နာမည်ကြီး၍ မကောင်းတဲ့လူများ စိုက်ရောက်ရာ Barကြီးတစ်ခုတွင် Kim Taehyung ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်။

Dominant alphaတစ်ယောက်သာဖြစ်နေပေမယ့် သူဟာတစ်ခြား Dominant alphaများနဲ့မတူ မပွေမရှုတ်တဲ့အပြင် ကျောင်းတွင်လဲ alphaများထက်ပင် တည်ငြိမ်တတ်တဲ့သူ
ကင်မ်ဟာ ငယ်ငယ်တည်းက မိဘတွေပုံသွင်းထားတဲ့ပုံစံအတွင်းသာ သူအတွက် ဒါမျိုး barတွေမှာ ပျော်ပါးဖို့ထက် စာအုပ်နဲ့တင်အချိန်ကုန်ရသည်။

သူ့အတွက်အပျော်အပါးဇယားတွေရှာဖို့ထက် အချိန်တန်ရင် မိဘပေးစားသူကိုဘဲယူရမှာမို့ စဉ်းစားဖို့ပင်အချိန်မရှိပါ ။
အာ့ဆို ဘာကြောင့်ဒီကိုရောက်လာရတာလဲက မေးစရာမေးခွန်းတစ်ခုဘဲ....

သူငယ်ချင်းတွေခေါ်လို့လိုက်လာတာမှန်ပေမယ့် ကင်မ်ဆိုတဲ့ သူဟာ သူစိတ်မပါရင် ဘယ်သူမှခေါ်မရတဲ့သူ အဓိကက သူ့စိတ်ညစ်စရာရှိနေလို့ပင်။
ငယ်ငယ်တည်းက မိဘစကားတစ်သွေမတိမ်း‌နားထောင်ပေးခဲ့ပေမယ့် သူဟာ သူ့ကိုယ်သူအတွက်ရှင်သန်နေရတာကိုတောင်မေ့လုနီးပါဘဲ အရုပ်တစ်ရုပ်လို့ပုံသွင်းခံနေရတာကတော့ သူအတွက် နေသားကျနေပြီးသားပါ။

ဒါပေမယ့် အခုဟာက အဲ့ပေးစားထားတဲ့သူရဲ့ကိစ္စဘဲ ‌ကိုယ်ဟာ Dominant alphaဖြစ်တဲ့အပြင် မျိုးရိုးကောင်းမို့ အခု စီးပွား‌ေရးတက္ကသိုလ်ပြီးတာနဲ့ မိဘတွေလုပ်ငန်းဦးစီးရသူဘဲ ထိုကဲ့သို့ အရာအားလုံးပြည့်စုံနေတဲ့သူကို သဘောတူထားတဲ့ဘက်က စဉ်းစားချင်သေးတယ်ဆိုတဲ့စကားကြောင့်ပင်
သူဟာဘယ်လိုလူမျိုးဖြစ်နေပါစေစိတ်မ၀င်စားပါ ငယ်ငယ်တည်းကလည်း မိဘတွေစိတ်တိုင်းကျနေပေးတယ် ဒီကိစ္စကိုလဲ ဘယ်သူဘယ်ဝါမှန်းမသိဘဲကို လက်ခံပေးခဲ့တာတောင် စဉ်းစားမယ်....
ဘာအကြောင်းပြချက်လဲဆို...

စာကလွဲရင် ဘာမှမသိတဲ့ကောင်လေးမို့။
မိဘတွေ ပေးစားတာနဲ့တန်းခေါင်းညိမ့်သူဖြစ်နေခြင်းကြောင့်။
တစ်ခါမှမမြင်ဖူးတဲ့လူကို အဲ့လိုပေါ့ပေါ့တန်တန်ထားတဲ့လူတစ်ယောက်မို့။
Dominant alphaတစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက်နဲ့တောင်ဖက်လဲတစ်ကင်းမနေဖူးတဲ့လူမျိုးက ရှိလို့လား တကယ်ရော alphaဟုတ်ရဲ့လား။
စသောကိစ္စရပ်ပေါင်း‌စုံအကြောင်းပြချက်ပေါင်းစုံနှင့်အချိန်ရွေ့ခဲ့တဲ့သူ။

Vʜᴏᴘᴇ Oɴᴇsʜᴏᴛ CᴏʟʟᴇᴄᴛɪᴏɴWhere stories live. Discover now