Part1

5.4K 159 2
                                    

"ခွမ်း"

"ဟာ ကွဲပြန်ပြီ ရတုဆက် ရတုဆက်"

"ဗျာ ကျွန်တော်လာပြီ"

"အသံမလာနဲ့ လူအရင်လာ ဘာလုပ်နေတာလဲ"

အပေါ်ထပ်ကနေပျာပျာသလဲဆင်းလာသောကောင်လေးတစ်ယောက်

"ဟို အကိုလေးကျွန်တော်အ၀တ်လျှော်နေလို့မကြားလိုက်လို့ပါ ကျွန်တော်သိမ်းလိုက်ပါမယ်"

"အေးသိမ်းပြီးရင်အ၀တ်တြွေပန်လျှော်ထား အ၀တ်အစားတွေကောမီးပူတိုက်ထားအုံး ငါသွားစရာရှိတယ်"

"ဟုတ်ကဲ့အကိုလေး"

"ပြောလိုက်ရင်တော့ဟုတ်ကြည့်ပဲ ပြီးရင်ဘာတစ်ခုမှအသုံးမကျဘူး ဘေးဖယ်ငါ့ရှေ့မှာပိတ်ရပ်မနေနဲ့"

"ဟုတ်"

(ဤသည်ကတော့ကျွန်တော့်ရဲ့အကိုလေး ခွန်ဆိုင်းဇော်ထင်ပါလေ အရမ်းလဲစိတ်ဆိုးလွယ်သလို လူတိုင်းကိုလဲခွဲခြားဆက်ဆံသေးတယ် ဟုတ်ပါတယ်လေ ရွှေပေါ်မြတင်ပြီးမျိုးရိုးစဉ်ဆက်ချမ်းသာတဲ့မိသားစုကမွေးလာတာကိုးဒီလောက်တော့ရှိမှာပေါ့ ကျွန်တော်တို့လိုလူဆင်းရဲ ဘ၀ဆင်းရဲသမားတွေသာ)

{တော်ပါပြီအတွေးတွေရပ်တော့ ဒီမိသားစုကငါ့ရဲ့ထမင်းရှင်တွေပဲ သူတို့သာမရှိရင်ခုချိန်ကျွန်တော်တို့မိသားစုလဲလမ်းဘေးရောက်နေလောက်ပြီ }

"ဆက်လေး ဘာတွေတွေးနေတာလဲ"

"သြော် ဉီး ကျွန်တော်ဖန်ခွက်ကွဲသွားလို့သိမ်းနေတာပါ ကိုကိုလေးကတော့အပေါ်ထပ်တက်သွားပါပြီ"

"သားလုပ်သွားပြန်ပြီလား သားကတော့တစ်ခုမဟုတ်တစ်ခုဖျက်ဆီးနေတာပဲ အင်းမြန်မြန်လေးလုပ်ပြီးနားတော့လေ ကြည့်ပါအုံးချွေးတွေတောင်ပြန်နေပြီ ရော့ဒါလေးနဲ့သုတ်လိုက် အာ ကြာတယ်ဉီးပဲသုတ်ပေးလိုက်တော့မယ်"

"အဲ့တာဘာလုပ်နေတာလဲ"

ဉီးကလက်ကိုင်ပုဝါလေးထုတ်ပြီးသုတ်ပေးနေတုန်းကြားလိုက်ရတဲ့အသံကြောင့်လူကအလိုလိုနောက်ဆုတ်သွားမိသည်

"သြော် သား ဆက်လေးချွေးထွက်နေလို့သုတ်ပေးနေတာလေ"

"ဉီးလေး ကျွန်တော်ပြောထားတယ်မလား သူနဲ့အရောတ၀င်မနေပါနဲ့လို့ သူကအိမ်ဖော် အိမ်ဖော်လိုပဲဆက်ဆံလေ ချွေးသုတ်ပေးရအောင်သူ့မှာလက်မပါဘူးလား"

မိန်းမ မဟုတ်သောယောင်္ကျားတစ်ယောက်Where stories live. Discover now