တစ်ပတ်ရှိပြီ
ဒီနေ့နဲ့ဆိုဉီးခွန်ဆိုင်းသက်ထင် သူ့ရဲ့ဆက်လေးကိုတွေ့ခဲ့တဲ့barကိုလာတာတစ်ပတ်ပြည့်ပြီ နေ့တိုင်းbarကိုလာပြီးရှာပေမယ့် ဆက်လေးရဲ့အရိပ်အယောင် သူဟန်ဆောင်ထားတဲ့နွေးနွေးပုစံကိုပင်မမြင်ရတော့ပေ ကောင်မလေးတွေကိုမေးကြည့်တော့လဲအလုပ်ထွက်သွားပြီဟူသောသတင်းသာရသည် အခြားဘာသတင်းမှမရ သူဘယ်မှာနေတယ် ဘယ်မှာစားတယ် ဘယ်မှာအလုပ်လုပ်နေတယ်ဆိုတာလဲတစ်ယောက်မှမသိပေ
"ဒီကညီမလေး"
"ဟုတ် ဘာလိုချင်လို့ပါလဲ"
"နွေးဒီဆိုင်ကိုပြန်လာခဲ့ရင်လေ ဒီနံပါတ်လေးကိုဆက်သွယ်ပေးပါလား ကူညီပေးပါနော်"
"အော် ရပါတယ် ပေးခဲ့လေ သူလာရင်လှမ်းအကြောင်းကြားလိုက်မယ်နော်"
"ဟုတ် ကျေးဇူးပါဗျ သွားလိုက်အုံးမယ်နော်"
"ဟုတ်ကဲ့"
ခွန်ဆိုင်းသက်ထင်လဲbarထဲကထွက်ပြီးအိမ်ကိုသာတန်းပြန်လိုက်သည်
အိမ်ရောက်တော့ဆက်လေးကိုမတွေ့လို့စိတ်ညစ်တာအပြင်တူတော်မောင်ကြောင့်ခေါင်းပါကြီးသွားရသည်
"ကျွန်တော်ကျောင်းထွက်တော့မလို့"
"ဘာ"
"ဟုတ်တယ် ဉီးလေး ကျွန်တော်ကျောင်း မတက်ချင်တော့ဘူး ကျွန်တော်နဲ့သက်ဝေပေါင်းပြီးအလုပ်လုပ်တော့မလို့"
"နေပါအုန်းတူလေးရယ် တစ်နှစ်ပဲကျန်တော့တာကို ဘွဲ့လေးအရင်ယူပြီးမှအလုပ်လုပ်တော့ပိုမကောင်းဘူးလား အလုပ်ကဘယ်ချိန်လုပ်လုပ်ရပါတယ်"
"မရဘူးဉီးလေး ခုကထဲကအလုပ်လုပ်ထားမှစုမိဆောင်းမိမှာပေါ့"
"ဉီးလေးမှာသားတစ်သက်သုံးမကုန်တဲ့စည်းစိမ်ဥစ္စာတွေရှိပါတယ် အလုပ်မလုပ်လဲရပါသေးတယ် ဘွဲ့လေးတော့အရင်ယူနော်"
"ဘွဲ့တော့အရင်မယူဘူးဉီးလေး မိန်းမပဲအရင်ယူမှာ"
"ဟမ် သားပြောချင်တာက"
"ကျွန်တော်မိန်းမယူတော့မလို့ အာ့ကြောင့်အလုပ်လုပ်တော့မလို့ နောက်ပြီးကျွန်တော့်ကြောင့်သူမျက်နှာမငယ်စေချင်ဘူး"
YOU ARE READING
မိန်းမ မဟုတ်သောယောင်္ကျားတစ်ယောက်
General Fictionယောင်္ကျားတစ်ယောက်ဖြစ်ရုံနဲ့ယောင်္ကျားတစ်ယောက်ကိုချစ်လို့မရဘူးတဲ့လား