"ဒီနေ့ဆိုစောနဲ့ကိုယ်နဲ့ ယူပြီးတာတောင်တစ်ပတ်ပြည့်ပြီနော်"
"ဟုတ်တယ်လေကိုဆိုင်းရဲ့"
"အဲ့ဒါ စောကိုယ့်ကိုလက်မခံနိုင်သေးဘူးလား"
"ဟင်"
"စောလက်မခံသေးလဲဘာမှမဖြစ်ဘူးနော် ကိုယ်ကစောကိုဘယ်လိုပဲဖြစ်ဖြစ်ချစ်နေမှာပါ"
*ပြာပြာသလဲနဲ့ပြန်ရှင်းပြနေသော ကိုဆိုင်းကြောင့် စောမှာအားနာသွားရသည် စောလဲကိုဆိုင်းကိုချစ်ပါသည် သို့ပေမယ်စောကယောင်္ကျားလေးလေ စောသာယောင်္ကျားလိုဆိုတာ ကိုဆိုင်း သိသွားရင်အခြေနေကပိုဆိုးသွားမှာ နောက်ပြီးကိုဆိုင်းကဒီလိုအခြေအနေကိုလက်ခံနိုင်မှာမဟုတ်*
"စော"
"ရှင်"
"ခုတစ်လောလေ ကိုယ့်ဉီးလေးထူးဆန်းနေတယ်လို့မထင်ဘူးလား အမြဲတမ်းတမှိုင်မှိုင်နဲ့ ဘယ်သူ့ကိုသတိရနေမှန်းမသိ ကိုယ်တို့မင်္ဂလာလက်မှတ်ထိုးတာတောင်သူမပါဘူး ခုတစ်လောအိမ်လဲသိပ်မပြန်လာဘူး companyသွားပြီးအဲ့မှာပဲအိပ်တယ် ဉီးလေးဘာဖြစ်နေတယ်ဆိုတာစောသိလားဟင်"
"ကိုကလဲ စောကဘယ်လိုလုပ်သိမှာလဲ"
"ဟုတ်ပါပြီ ကိုကစောများသိမလားလို့ပါ ကိုယ်ထင်တာတော့ဉီးလေးအသဲကွဲနေတာထင်တယ်"
"အသဲကွဲတယ်"
"ကိုယ်ထင်တာပြောကြည့်တာပါ"
"ဉီးမှာကကောင်မလေးရှိလို့လား"
"ကောင်မလေးတော့မရှိပါဘူး သူကြိုက်နေတဲ့သူတော့ရှိတယ်"
*စောကိုယ်ကိုယ့်ကိုလိပ်ပြာသိပ်မလုံချင် ဉီးကလဲစောမဟုတ်တဲ့ရတုဆက်ကိုချစ်ခဲ့တာမလား*
"ထားလိုက်ပါတော့ လာပါအိပ်ကြမယ်"
"ဟုတ်"
နှစ်ယောက်သားအိပ်ယာပြင်ကြီးပေါ်မှာအတူမှေးစက်လိုက်ကြသည်
စော ကိုဆိုင်းနဲ့အိပ်ရတာနွေးထွေးတယ်လို့ခံစားရသည် ကိုဆိုင်းကအရမ်းကြင်နာတတ်သလိုစောအပေါ်လဲကောင်းပေးတဲ့အကိုလေး
"ဒီဘက်တိုးလေ"
"ရှင် ဟုတ်"
စော ကိုဆိုင်းဘက်ကိုတိုးပြီးအိပ်လိုက်သည်
YOU ARE READING
မိန်းမ မဟုတ်သောယောင်္ကျားတစ်ယောက်
General Fictionယောင်္ကျားတစ်ယောက်ဖြစ်ရုံနဲ့ယောင်္ကျားတစ်ယောက်ကိုချစ်လို့မရဘူးတဲ့လား