နေမင်းကြီးသည် လောကတစ်ခွင်လုံးကိုစိုးမိုးပြီးအလင်းပေးနေချေပြီ
ကျွန်တော်သည်လဲ မိသားစုဘ၀ ဆက်ပြီးအသက်ရှင်နေရအောင်လုပ်ရပေအုံးမည်"မောင်လေး မောင်လေးကလေ မိန်းကလေးလိုဝတ်ထားတော့အရမ်းလှတာပဲ"
အမပြောမှကျွန်တော်ကို ကျွန်တော်ကြည့်မိသည်
ကျွန်တော်ကအသားဝါတယ် မဖြူမညိုပေါ့ အရပ်က၅ပေ၆ပေဆိုတော့မရှည်မပုပေါ့ ခုတော့မိန်းကလေးလိုဝတ်ထားတာကိုမှ ရင်ဖုံးအင်္ကျီထမိန်နဲ့ အမကတော့ဆံပင်ကိုလဲအရှည်လုပ်ပေးထားသေးသည်"တကယ်ပြောတာ မောင်လေးရဲ့ ဒါနဲ့မောင်လေးနာမည်မှတ်ထားလိုက်တော့နော် စောအိန္ဒြာဆက်"
"ဘာနာမည်ကြီးလဲ "
"မောင်လေးကလဲ မင်းကမိန်းကလေးဖြစ်ပြီ ခုကစပြီး မိန်းကလေးလိုပြောရတော့မှာလေ"
"ဟုတ်ပါပြီ ထားပါတော့ လိပ်စာပေးတော့ကျွန်တော်သွားတော့မယ်"
"ကဲ ပြောပြန်ပြီ မိန်းကလေးလိုပြောရတော့မှာပါဆို"
"ဟုတ်ကဲ့ပါရှင့် သွားတော့မယ်နော် အမ အမေနဲ့ညီမလေးကိုသေချာဂရုစိုက်ပါနော်"
"စိတ်ချပါမောင်လေးရယ်"
ကျွန်တော်လဲTaxiတစ်စီးကိုတားဆီးလိပ်စာကတ်ကိုမကြည့်ပဲကားသမားကိုပေးပြီးမောင်းခိုင်းလိုက်တော့တယ်
(ငါနေရမှအိမ်ကဘယ်လိုလူတွေလဲ ငါ့ကိုနှိပ်စက်မှာလား ဘာပဲဖြစ်ဖြစ်ပါမိသားစုအတွက်ပဲလေ ငါဒီလောက်တော့ခံနိုင်ရည်ရှိရမှာပေါ့)
"ညီမလေးမင်းပြောတဲ့အိမ်ကိုရောက်ပါပြီ"
အတွေးများနေတုန်း ကားသမားကရောက်ပြီပြောမှ အသိစိတ်ဝင်လာတော့သည်"ဟုတ်"
အထုတ်တွေချပြီးအိမ်ကိုကြည့်လိုက်ချိန်
"ဟမ် ဒါက အကိုလေးတို့အိမ်ပဲ အမအကြွေးတင်ခဲ့တာအကိုလေးဆီမှာလား အကိုလေးဆိုရင်တော့အိမ်ဖော်ပဲခိုင်းလိမ့်မယ်ထင်တယ် ဒါနဲ့ငါ့ကိုမှတ်မိနေရင်ကော မှတ်တော့မမှတ်မိလောက်ဘူးထင်တာပါပဲ""ညီမလေး အကို့ကိုကားခလေး"
"အော် ဟုတ် မေ့သွားလို့ပါ ဒီမှာပါနော်"
YOU ARE READING
မိန်းမ မဟုတ်သောယောင်္ကျားတစ်ယောက်
General Fictionယောင်္ကျားတစ်ယောက်ဖြစ်ရုံနဲ့ယောင်္ကျားတစ်ယောက်ကိုချစ်လို့မရဘူးတဲ့လား