"သက်ဝေရေ"
ရုံးရောက်ရောက်ချင်းအသံချိုချိုနဲ့ခေါ်နေသောခွန်ဆိုင်းကြောင့်
*ဒီကောင်ငါ့ကိုဘာခိုင်းစားအုံးမလဲမသိဘူး*
"ဘာတုန်း"
"သူငယ်ချင်းကလဲ ထူးတာကြီးက"
"အပိုတွေပြောမနေနဲ့ အလုပ်ကျတော့နောက်ကျတယ် မိန်းမကြတော့ယူတယ် ခုလဲဘာပြောမလို့လဲ ပြော"
"မိန်းမယူထားမှတော့နောက်ကျမှာပေါ့ မိန်းမနဲ့အချိန်ဖြုန်းရသေးတယ်လေ မင်းကတော့တစ်ယောက်ထဲဆိုတော့အစောကြီးလာခဲ့ပေါ့"
"အေးအေး ကောင်းတယ် ပြောစမ်းပါအုံးချိုသာနေရတဲ့အကြောင်းလေး"
"အကူညီလေးတစ်ခုလောက်တောင်းချင်လို့"
"အကူညီလိုချင်ရင်တော့အလကားတော့မရဘူးနော်"
"မင်းလိုချင်တာတောင်းကွာ ကူညီပါနော်"
"အေး ဘာကူညီရမှာလဲပြောကြည့်"
"ငါ့ကိုသီချင်းလေးတွေဝိုင်းရှာပေးယုံပဲ"
"သီချင်း ဘာသီချင်းမို့လို့လဲ သီချင်းရှာရတာဘာခက်လို့လဲ"
"အာ့ဆိုဉီးလွှမ်းမိုးတို့ ဉီးစိုင်းထီးဆိုင်တို့လိုအဆိုတော်ကြီးတွေဆိုထားတဲ့သီချင်းထဲမှာစောနဲ့လိုက်မဲ့သီချင်းရှာပေး"
"ဟင်"
"လုပ်ပါကွာနော် ငါမရှာတက်လို့ပါ"
"မင်းကလဲ ဖုန်းထဲမှာရိုက်ရှာလိုက်ပေါ့"
"ရှာပြီးပြီ သီချင်းတွေအများကြီးပဲကျလာတာ ဘယ်သီချင်းဆိုရမှန်းမသိလို့"
"သီချင်းဆိုပြမလို့လား "
"အင်း"
"ရော့ ဒီသီချင်းဆိုပြလိုက် နောက်ဆိုရင်လဲအဲ့လိုသီချင်းတွေများများနားထောင်ပေါ့ကွာ မင်းမိန်းမအတွက်ပဲ"
"အေးအေး ခုတော့သီချင်းကျက်လိုက်အုံးမယ်"
"သီချင်းကျက်ရင်းရုံးမှာနေလိုက်တော့ ငါအပြင်သွားစရာရှိလို့"
"မင်းကဘာသွားလုပ်မှာလဲ"
"လုပ်စရာရှိလို့ကွာ သွားပြီ"
YOU ARE READING
မိန်းမ မဟုတ်သောယောင်္ကျားတစ်ယောက်
General Fictionယောင်္ကျားတစ်ယောက်ဖြစ်ရုံနဲ့ယောင်္ကျားတစ်ယောက်ကိုချစ်လို့မရဘူးတဲ့လား