ဒီနေ့စနေနေ့
ရုံးပိတ်ရက်ဖြစ်သဖြင့်ဉီးလဲအလုပ်ကိုမသွားဖြစ်ပါ ဒီနေ့အိမ်မှာလူစုံနေသည် အကိုလေးကတော့ခုထိအိပ်ယာကမထသေး
စောလဲအစောကြီးနိုးနေတာနဲ့ပဲမီးဖိုချောင်မှာလုပ်ကူဖို့အောက်ထပ်ကိုလာလိုက်တော့သည်မီးဖိုချောင်ထဲဝင်လိုက်သည်နှင့်တွေ့လိုက်ရသည့်သူကတော့ ဟိုတစ်နေ့ကမုန့်ဟင်းခါးသခိုးမလေး
"ဟေး ငါဘာလုပ်ကူရအုံးမလဲ"
"အော် နင်လာသေးသားပဲ အိမ်ဖော်ကအိမ်ဖော်လိုမနေဘူးအမြဲနောက်ကျနေတာပဲ ဟုတ်တာပေါ့ ဝီရိယမရှိလို့လဲအကြွေးနဲ့သိမ်းခံရတာပေါ့"
သူရှေ့ကသူ့ကိုပြောနေတဲ့မိန်းကလေးကိုဆက်နည်းနည်းလေးမှနားမလည်နိုင်တော့ပါ သူကကောခုလိုအကြွေးနဲ့သိမ်းခံချင်ပါ့မလား မိသားစုကြောင့်သာသူဒီလိုလုပ်နေရတာ မိန်းကလေးတစ်ယောက်ကိုဘာမြှပန်မပြောချင်၍အေးဆေးသာနေလိုက်သည်"ဟဲ့ငါပြောနေတာကြားလား အိမ်အလုပ်လုပ်ဖို့သာနောက်ကျနေတာအလြှပင်တာကတော့မော်ဒယ်ရှူံးပဲ နင်အဲ့လိုပြင်ပြီးမြူစွယ်နေလဲနင့်ကိုကြိုက်မဲ့သူဘယ်သူမှမရှိဘူး"
သည်းခံ သည်းခံ သည်းခံ
"အေးပါ ငါဘာလုပ်ကူရမလဲပြော"
"ရော့ဒီမှာ ဒီဟင်းတွေအကုန်နင်ချက်ထား ငါလဲပဲနင့်လိုလှလှလေးအလှသွားပြင်လို့ရမလား"
"အေးအေး ပေး ချက်ထားလိုက်မယ် အလှဆုံးဖြစ်အောင်ပြင်ခဲ့နော်"
"အရမ်းကြီးပြင်စရာမလိုဘူး ငါကမပြင်လဲလှတယ်လေ"
ထွက်သွားသောကောင်မလေးကိုကြည့်၍ဆက်သက်ပြင်းချမိသည် ဆက်ကတော့ထိုကောင်မလေးကိုသူ့ညီမလေးလို့သာသဘောထားသည် ဆက်ကိုယ်တိုင်ကလဲအမနဲ့ညီမလေးရှိတာကိုး သူပြောတဲ့ထဲမှာအလြှပင်တယ်လို့ပြောတာကိုတော့ဘ၀င်မကျ ဆက်ကယောင်္ကျားလေးလေဘယ်လိုလုပ်အလြှပင်တတ်မှာလဲ ခုလဲသနပ်ခါးလေးလူးပြီးဆံပင်အရှည်ကိုကျစ်ဆံမြီးကျစ်ထားရုံသာ ဒါကိုဘာတွေကများ တော်ပါပြီဟင်းချက်တော့မယ်ဟင်းချက်မဲ့နေရာသို့ကြည့်လိုက်သောအခါ ဘာမှကိုမချက်ရသေး လှီးထားသောကြက်သားကိုတွေ့၍ ကြက်သားချက်ဖို့ထင်သည်
YOU ARE READING
မိန်းမ မဟုတ်သောယောင်္ကျားတစ်ယောက်
General Fictionယောင်္ကျားတစ်ယောက်ဖြစ်ရုံနဲ့ယောင်္ကျားတစ်ယောက်ကိုချစ်လို့မရဘူးတဲ့လား