နေ့တစ်နေ့ရဲ့နေရောင်နှင့်အတူ ဆက်လေးရဲ့ဒုက္ခတွေကလဲနေ့တိုင်းကိုဆီးကြိုနေသည်
ဆက်လေးလဲမနေ့ညပြန်ရောက်ကထဲကအိပ်မရတော့ပေ အတွေးတွေကသူနဲ့ဉီးရဲ့ကိစ္စကိုပဲမြင်ယောင်နေသည်"ဟူး စိတ်ညစ်လိုက်တာ ငါဘယ်လိုနေရတော့မှာ ခုဆိုဟိုဆိုင်မှာအလုပ်လုပ်လို့လဲမရတော့ဘူး ဉီးကငါဆက်ဆိုတာလဲသိသွားပြီ
ငါ့မိသားစုကိုငါဘယ်လိုထောက်ပံ့နိုင်တော့မှာလဲ ဘ၀ကြီးကခက်လိုက်တာကွာ ချမ်းသာတဲ့သူကြတော့လဲတိုက်နဲ့ခြံနဲ့ကားနဲ့ ငွေကြေးအဆင်မပြေတဲ့သူကြတော့လဲ တဲစုတ်နဲ့ထမင်းကြမ်းနဲ့အကြွေးနဲ့ ဟူး.........""ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံကြားသောကြောင့် ဆက် လဲ စဉ်းစားနေရာမှအမြန်အ၀တ်စားလှဲမိတော့သည်"ဘယ်သူလဲ ခဏနော် လာပြီ"
အ၀တ်အစားလဲပြီးတာနဲ့အမြန်တံခါးကိုဖွင့်ပေးလိုက်သည်"ကျွီ"
"အော် မမေသစ္စာ ဘာကိစ္စရှိလို့လဲ"
"ဘယ်ချိန်ရှိပြီလဲမသိဘူးလား ညကြသွားချင်တိုင်းသွားနေပြီး"
"ဟင် စောညဘက်သွားတာကိုသိတယ်"
"ဟက် ငါကမေသစ္စာလေ အကုန်သိတယ် နင်ညဘက်သွားတာတပတ်လောက်ရှိတော့မယ်"
"ကျေးဇူးပြုပြီးအကိုလေးကိုပြန်မပြောပါနဲ့နော် မေ"
"ဘာကြောင့်လဲ ဒါပြောသင့်တဲ့ကိစ္စမလား မိန်းကလေးတစ်ယောက်က ညတိုင်းအပြင်ကိုထွက်ပြီး ညနက်မြှပန်လာတယ်ဆိုတော့ အပြင်မှာများ"
"စောကအဲ့လိုမဟုတ်ပါဘူး စောအလုပ်လုပ် လုပ်နေလို့ပါ"
"ဘာအလုပ်လဲဟင် သိခွင့်ရှိမလား ညမှာလုပ်ရတဲ့အလုပ်ဆိုတော့"
"ဟို ဟို စားပွဲထိုးရတာပါ"
"ဟက် ညဘက်ကြီးကိုစားပွဲထိုးတာဆိုတော့ မိန်းမကောင်းတွေနေတဲ့နေရာကောဟုတ်လား"
"........"
"ထားပါတော့ ခုဘယ်ချိန်ရှိနေပြီလဲသိတယ်မလား"
"မနက်၅နာရီလေ"
"အေး ဒီနေ့ကစပြီးနင်ပဲအိမ်အလုပ်တွေလုပ်ရမယ် အ၀တ်လျှော် ကြမ်းတိုက် တံမြက်စည်းလှဲ ထမင်းဟင်းချက် "
YOU ARE READING
မိန်းမ မဟုတ်သောယောင်္ကျားတစ်ယောက်
General Fictionယောင်္ကျားတစ်ယောက်ဖြစ်ရုံနဲ့ယောင်္ကျားတစ်ယောက်ကိုချစ်လို့မရဘူးတဲ့လား