"အဆင်သင့် ဖြစ်ပြီလား..."
"အင်းအင်း ကျန့်ကျန့် အဆင်သင့်ဖြစ်ပြီ..."
"အဲ့တာဆို ငါ့ကားပေါ် သွားစောင့်နေ..."
ဝမ်ရိပေါ် ပြောလိုက်တော့ ကျန့်ကျန့်တစ်ယောက် အမိုးပွင့် ပြိုင်ကားတံခါးကို ဖွင့်လိုက်ကာ ငြိမ်ငြိမ်လေးဝင်ထိုင်လိုက်၏။ မရှေးမနှောင်းမှာပင် ဝမ်ရိပေါ် တက်လာပြီး...
"ခါးပတ်ပတ်ထား..."
ကျန့်ကျန့်က ခါးပတ်ပတ်ဖို့ ခါးပတ်လိုက်ရှာနေရင်း အချိန်အတော်ကြာလာတာကြောင့် ဝမ်ရိပေါ်ကိုယ်တိုင်ယူပြီး ပတ်ပေးလိုက်ရတော့သည်။ မဟုတ်ရင် ကုန်တိုက်တောင် ပိတ်သွားလိမ့်မယ် ဘေးကတစ်ယောက်က ခါးပတ်ပတ်ပြီးတော့မှာမဟုတ်။ မဟုတ်တာလုပ်ထားတော့ သူနဲ့ မျက်လုံးချင်းကို မဆိုင်ရဲ။မျက်လွှာကိုချထားတာ ခေါင်းကမြေကြီးထဲဝင်တော့မယ်။
"ကားသွားနေရင် လက်ကို အပြင်မထုတ်နဲ့...ဘေးက ဖြတ်မောင်းသွားတဲ့ ကားတွေတိုက်ပြီး လက်ပြတ်သွားလိမ့်မယ်...ကြားလား..."
"ကြားတယ်..."
"ဖုန်းကိုဘာအရောင်ယူချင်လဲဆိုတာ တွေးထား..."
"အင်းအင်း..."
တကယ်မထုံတက်သေးနဲ့ ကိုင်ဆောင့်ချင်စရာ။ ကျန့်ကျန့်...ကျန့်ကျန့်။ သူလည်းနေ့လည်တုန်းက စိတ်ဆိုးဆိုးနဲ့ဖုန်းကို လွှတ်ပစ်မိတာ။ပုံစံလေးနဲ့ မလိုက်အောင်ကို စိတ်ဒုက္ခတွေပေးတာ။အခုထက်ထိ သိပ်တော့ စိတ်ဆိုးပြေချင်သေးတာမဟုတ်။
နေ့လည်နှစ်နာရီတုန်းက...
"ရိပေါ်...ရိပေါ်..."
အိမ်ပေါ်ထပ်ကနေ ဖုန်းကို ကိုင်လာပြီး ခုန်ပေါက်လာတဲ့ ကျန့်ကျန့်ကို ဧည့်ခန်းဆိုဖာမှာ ရုပ်ရှင်ကြည့်နေတဲ့ ဝမ်ရိပေါ်က လှည့်ကြည့်လိုက်သည်။
"ဘာလဲ..."
"ရိပေါ်ကို ကျန့်ကျန့်ပြောစရာရှိတယ်..."
"ပြော..."
"ဘယ်သူမှ ပြန်မပြောနဲ့နော်...ရိပေါ်ကိုပဲ ကျန့်ကျန့်ပြောပြတာ..."
ဒီလောက်တောင် စကားဦးသန်းနေတော့ ဝမ်ရိပေါ်စိတ်ဝင်စားသွားရသည်။ကျန့်ကျန့်က ဝမ်ရိပေါ်ဘေးကို ကပ်လာကာ နားရွက်နား ကပ်၍ လက်ကလေးအုပ်ပြီး တိုးတိုးလေးပြောလို့နေ၏။ နားရွက်တစ်လျှောက် ပင့်ကူဖြတ်လျှောက်သွားသလို ယွစိယွစိဝင်လာတဲ့ လေသံတိုးတိုးလေးက ဝမ်ရိပေါ်၏ နားစည်ထဲမှာ ဗုံးတစ်လုံးပေါက်သွားသလိုပင်။
YOU ARE READING
Piggy Bank
Фанфикစုဘူးလေး မပြည့်ခင်မှာ ထွက်သွားတယ်။ စုဘူးလေး ပြည့်ခါနီးမှာ ပြန်ရောက်လာတယ်။ ရိပေါ်က သိပ်ဆိုးတယ်..... ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့် ချစ်တယ်။