ကျန့်ကျန့်စားချင်လိုက်တာ။
အရှေ့က အတန်းဖော်က စပျစ်သီးအနံ့အရသာ စုပ်လုံးကြီးကို တမြုံ့မြုံ့စားနေသည်ကို ကျန့်ကျန့်တွေ့သည့်အခါ မျက်လုံးအရည်လဲ့လဲ့လေးတွေနဲ့ ငေးကြည့်လို့နေသည်။ ပါးစပ်တပြင်ပြင်ဖြစ်လို့နေပြီး တစ်ကိုက်လောက်ဖြစ်ဖြစ်စားကြည့်ချင်နေသည့်ပုံ။
ကျန့်ကျန့် သူ့လက်ထဲက ငွေစက္ကူလေးကိုကြည့်လိုက်သည်။ ထို့နောက် ကျောင်းမုန့်ဈေးတန်းဖက်ပြေးသွားပြီး စုပ်လုံးလေးတွေရောင်းတဲ့အရှေ့မှာရပ်ကြည့်နေ၏။ သူစားချင်တဲ့ စုပ်လုံးလေးက ဈေးနည်းနည်းများတာကြောင့် ကျန့်ကျန့် ခဏလောက်ဒီတိုင်းလေးရပ်ကြည့်နေပြီး စဉ်းစားနေသည်။ ဝယ်စားသင့်လား မဝယ်စားသင့်လားဆိုတာ။
အင်း...ဝယ်စားသင့်တယ်။
"အန်တီ ကျန့်ကျန့်ကို အဲ့စုပ်လုံးလေးပေးပါ..."
"ရော့ သားလေး..."
ကျန့်ကျန့် သူ့လက်ထဲပါလာသည့် စုပ်လုံးလေးကို ကြည့်ပြီး အခွံခွာမယ်လုပ်လိုက်ပြီးမှ မုန့်ဆိုင်ဘက်သို့ပြန်လျှောက်သွားကာ...
"အန်တီ ကျန့်ကျန့်စားတော့ဘူး ပိုက်ဆံပြန်ပေးပါလား..."
ကျန့်ကျန့် သူ့လက်ထဲပြန်ရောက်လာသည့် ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သူများတွေမုန့်စားနေတာကို လိုက်ကြည့်နေသည်။ ဒီပိုက်ဆံလေးကို စုထားရမှာ။ ကျန့်ကျန့်စုဘူးလေးမပြည့်သေးဘူး။ စုဘူးလေးမပြည့်ရင် ရိပေါ်က ခေါ်မှာဟုတ်ဘူး။
"ဒေါက်..."
ကျန့်ကျန့် သူ့ခေါင်းပေါ်ရောက်လာတဲ့ ခပ်မာမာအရာလေးကြောင့်မော့ကြည့်လိုက်သည်။
"ရိပေါ်..."
"ရော့..."
ရိပေါ်က ကျန့်ကျန့်၏လက်ထဲသို့ တစ်စုံတစ်ခုကိုကမ်းပေးလိုက်သည်။ ဒါဟာ ကျန့်ကျန့် စားချင်နေတဲ့ စပျစ်အရသာစုပ်လုံးလေး။ကျန့်ကျန့်လှမ်းယူလိုက်မယ်အလုပ် ရိပေါ်က ပြန်ရုတ်သိမ်းလိုက်ပြီး...
"နေဦး..."
"ဟင် ဘာလို့လဲ ကျန့်ကျန့်စားချင်တယ်..."
![](https://img.wattpad.com/cover/290272378-288-k583261.jpg)
YOU ARE READING
Piggy Bank
Hayran Kurguစုဘူးလေး မပြည့်ခင်မှာ ထွက်သွားတယ်။ စုဘူးလေး ပြည့်ခါနီးမှာ ပြန်ရောက်လာတယ်။ ရိပေါ်က သိပ်ဆိုးတယ်..... ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့် ချစ်တယ်။