အပိုင်း(၂) Unicode

4K 441 32
                                    

ငါးနှစ်သားအရွယ်...။

"ကလောက်...ကလောက်..."

ဧည့်ခန်းတီဗီစင်ဘေးနားတွင် ကျန့်ကျန့် ကြမ်းပြင်ပေါ် ထိုင်၍အလုပ်ရှုပ်နေသည်။ ဝက်ရုပ်စုဘူးလေးကို လက်ကကိုင်ပြီး အပေါ်လှန်ကြည့်လိုက် အောက်ကနေမော့ကြည့်လိုက်ဖြင့် တချောက်ချောက်ခေါက်ရင်း အထဲက အကြွေစေ့လေးတွေ ထွက်ကျလာအောင်လုပ်နေခြင်းဖြစ်သည်။

"ရေခဲမုန့်တွေ ရမယ်...ရေခဲမုန့်...စတော်ဘယ်ရီ အရသာလေး ချောကလက်အရသာလေး တွေအစုံနဲ့စားချင်စဖွယ်ရေခဲမုန့်လေးတွေရမယ်..."

ရေခဲမုန့်သည်ကြီးဟာ ကျန့်ကျန့်ရှိတဲ့ အိမ်ရှေ့မှာရပ်ပြီးအော်နေသလိုပင်။ ရေခဲမုန့်သည်ကြီးအော်မရောင်းခင် ရေခဲမုန့်လှည်းခေါင်းလောင်းခေါက်သံကြားကတည်းက ကျန့်ကျန့် အိမ်ထဲပြန်ဝင်လာပြီး ဝက်ရုပ်စုဘူးလေးထဲက အကြွေစေ့လေးတွေထွက်ကျလာအောင်လုပ်နေတာပင်။ ကျန့်ကျန့်က စုဘူးထဲပိုက်ဆံဘယ်လိုထည့်ရမလဲဆိုတာသိပေမယ့် ဘယ်လိုပြန်ထုတ်ရမလဲဆိုတာမသိ။

"ရေခဲမုန့်တွေရမယ်နော် ရေခဲမုန့်တွေ..."

ရေခဲမုန့်သည်ကြီး​၏ အသံက သူ့အိမ်ရှေ့နဲ့နည်းနည်းဝေးသွားသည့်အခါ ကျန့်ကျန့် သူ့လက်ထဲကစုဘူးတစ်ခုလုံးကို ကိုင်လာကာ ဖိနပ်တောင်မစီးဘဲ ခြံပြင်သို့ပြေးထွက်လာ​၏။ လူသန့်တွေချည်းနေထိုင်ကြတဲ့ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တာကြောင့် အိမ်တိုင်းနီးပါးက ခြံတံခါးပိတ်ထားခြင်းမရှိတာဖြစ်၍ကျန့်ကျန့် လွယ်လွယ်ကူကူ ခြေတံတိုတိုလေးတွေဖြင့်ပြေးထွက်လာနိုင်တာဖြစ်သည်။

"နေပါဦး...ကျန့်ကျန့်ကိုစောင့်ပါဦး..."

သူ့ရေခဲမုန့်လှည်းနောက်ကို အကောင်သေးသေးလေးပြေးလိုက်လာတာတွေ့တဲ့အခါ ရေခဲမုန့်သည်ကြီးက အရှိန်လျော့လိုက်ပြီး...

"ဖြည်းဖြည်းလာပါ ကလေးရယ် ဦးကြီးစောင့်နေပါတယ်..."

"ဟောဟဲ ဟောဟဲ...ကျန့်ကျန့်မောတယ်..."

"ဟုတ်ပါပြီ ဘာအရသာစားမလဲ..."

"အချိုဆုံးဟာလေး ကျန့်ကျန့်ကြိုက်တယ်...ယိုလေးတွေလည်း အများကြီးဆမ်းပေးပါ...သကြားအမှုန်လေးတွေကိုလည်း အများကြီး..."

Piggy BankWhere stories live. Discover now