Unicode Part - 1 ~~~ (Zawgyi below)
Doyoung's POV
ကျွန်တော့်ဘဝအကြောင်းကိုပြောရရင်တော့ တော်တော်ရှည်တယ်။ ကျွန်တော်ကငယ်ငယ်တည်းကချူချာပြီးနှလုံးအားနည်းတတ်လို့ဆေးရုံခနခနတက်ရတယ်။ မိသားစုကလည်းမပြည့်စုံဘူး။ အဖေလည်းမရှိတော့ အမေကကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်လုံးကိုပိုပြီးချစ်ပေးရှာပါတယ်။ ကျွန်တော့်မှာညီတစ်ယောက်ရှိတယ်။ ကျွန်တော့်ညီလေးကတအားချစ်ဖို့ကောင်းတယ်ကျွန်တော်ထင်တယ်။ ထားလိုက်ပါအဲ့ဒါတွေကအတိတ်တွေ။ အခုဆိုအမေဆုံးတာနှစ်တွေကြာပါပြီ။ ကျွန်တော်လည်းအလုပ်နဲ့အကိုင်နဲ့။သနားဖို့ကောင်းတဲ့ကျွန်တော့်ညီလေးကတော့အခုတက္ကသိုလ်တက်နေတုန်းကျောင်းမပြီးသေးဘူး။ အစ်ကိုကြီးအဖရာဆိုတိုင်းကျွန်တော့်ညီလေးကိုကျွန်တော်ကျောင်းပြီးတဲ့အထိဆက်ထောက်ပံ့မယ်။ ဒါပေမဲ့ ကျွန်တော်ဆိုတဲ့သူ့ရဲ့အစ်ကိုကချူချာတော့ညီလေးမှာစိတ်ပူရတာအမော။ ကျွန်တော်ကမိသားစုတွေကို ဒုက္ခပေးဖို့များရောက်လာသလားလို့တောင်ထင်ရတယ်။
အခုကျွန်တော်ရောက်နေတာကအမေ့အုတ်ဂူရှိရာဟောဒီနေရာလေး။ ကျွန်တော်နေလို့သိပ်မကောင်းပေမဲ့အမြဲလိုလိုနှစ်တိုင်းအမေ့မွေးနေ့မှာအမေ့အုတ်ဂူဆီလာနေကြမို့လို့ကျွန်တော်ဒီနှစ်လည်းမပျက်မကွက်လာခဲ့တယ်။
Doyoung - Eomma Happy birthday နော်။ ပုံမှန်အတိုင်းအမေ့မွေးနေ့မှာကျွန်တော်တို့အမေနဲ့အတူကုန်ဆုံးမယ်နော်။
"Hyung!! "
Doyoung - အင်း Jungwoo Hyung ကဒီမှာ လာခဲ့။
Jungwoo - Hyung ကျွန်တော်အိမ်စာမပြီးသေးတာနဲ့နဲနဲနောက်ကျသွားတယ်
Doyoung - နောက်မကျပါဘူး Jungwoo ရဲ့ Hyung စောင့်နေပါတယ်။
Jungwoo - ဟုတ် Hyung! Eomma Happy birthday ပါ။
Jungwoo လေးကအခုမှကျောင်းဆင်းလို့အမေ့အုတ်ဂူဆီကိုလိုက်လာတာ။ ကျွန်တော်တို့နှစ်ယောက် ညနေတော်တော်စောင်းတဲ့အထိနေခဲ့ကြတယ်။
Doyoung - Jungwoo ရေ ညနေစောင်းနေပြီ Hyung တို့ပြန်ကြရအောင်။ လာ Eomma ကိုနှုတ်ဆက်လိုက်။
