Only She ( Episode 9 )

13.3K 400 4
                                    

    မနက်ခင်းရဲ့ နေမင်းကြီးကတောင် ဒီနေ့တွင် မုလောက် ဝီတိရမကောင်းနိုင်။မီးဖိုချောင်ထဲမှာ ကြော်လှော်သံတွေနဲ့ အေပရွန်လေး စည်းကာ သီချင်းလေး ညည်းရင်းသူမကတော့ ဟင်းတွေချက်ပြုတ်နေသည်။စေတနာတွေက အခြားသောနေ့များထက်ပိုကာ သူငယ်ချင်းမများကိုပင် breakfastတောင် စီစဉ်ပေးထား၏ ။

" အားလုံးထုပ်ပိုးပြီးပြီဆိုတော့.....Ig မှာ postတင်ရမယ် ဘယ်လို caption ရေးရင် ကောင်းမလဲ....ဒီလိုလေးဆို အဆင်ပြေပြီ အခုမှသတိရတယ် ဒီနေ့စောစောသွားရမှာကို "

     မနေ့က Company ကလူတွေနဲ့ မိတ်ဆက်ပေးဖို့ အတွင်းရေးမှူးကိုလင်း စောလာဖို့မှာထားတာ ခုမှသတိရသည်။ရုံးသွားဖို့ ပြင်ဆင်ရင်း မု အနက်ရောင် shirt လေးကို ဒူးပေါ်ဂျင်းစကတ်လေးနဲ့ ဝတ်ဖို့ ပြင်လိုက်သည်။make upကိုလည်း natural ဆန်ဆန်လေးပြင်ကာ နှုတ်ခမ်းကို မက်မွန်းရောင် lip stick လေးဖြင့် တန်ဆာဆင်လိုက်သည်။ဆံပင်ကလည်း အလိမ့်လေးတွေမို့ မုရိုးရိုးရှင်ရှင်း အလယ်ခဲွဲပြီး ဖွားလျားပဲ ချလိုက်သည်။ဒီနေ့တော့  အိမ်ကနေစောထွက်သူက မုပါ။

" ကောင်မတို့ရေ....စောစောထတဲ့ ဌက်က ပိုဗိုက်ဝတာမို့ ငါတော့ သွားပြီး "
" သွား...သွား နင်ရဲ့ old schoolကြီးကို နင်ပဲဗိုက်ဝအောင်စား "

     မုလည်းစိတ်တွေ အရမ်းကြည်လင်နေတာမို့ စကားနိုင်မလုတော့ပဲ ထွက်လာလိုက်သည်။ခါတိုင်းလို နောက်မကျတော့ မုဒီနေ့ကားဂိတ်ကို အလောတကြီးသွားစရာမလို့တော့ပါ။ကားပေါ်မှာ နားကြပ်လေးတပ်ပြီး သီချင်းအေးအေးလေး တစ်ပုဒ်ကို မုနားဆင်ခဲ့တယ်။သီချင်းလေးထဲကလို မုလည်းရိုးရှင်းတဲ့ အချစ်ကို ပိုင်ဆိုင်ချင်မိသည်။
    ရုံးရောက်တော့ ဉီးကိုမတွေ့မိပါ။ခါတိုင်းဆို အတွင်းရေးမှူးကိုလင်းရောက်လျှင် ဉီးပါရောက်တတ်သည်။ဒီနေ့တော့ မု ပထမဆုံးတွေချင်တဲ့ လူကို မတွေ့ရတော့ နည်းနည်းစိတ်ပျက်မိသည်။အတွင်းရေးမှူးကိုလင်း မိတ်ဆက်ပေးနေတာကိုတောင် မု အာရုံမစိုက်နိုင်ပါ။

" မုဒြာ....ကျွန်တော်ပြောတာကို ကြားရဲ့လား "
" ဟုတ်...ဟုတ်ကြားပါတယ် ကိုလင်း "
" မုဒြာကို ကျွန်မတို့က သူဌေးရဲ့တူမထင်နေတာ "
" မဟုတ်ပါဘူး.....မုက အကူပါ အမျိုးမတော်ပါဘူး မုကို ခိုင်းစရာရှိရင်လည်း ခိုင်းကြပါနော် အလုပ်သင်လိုမျိုးပေါ့ "
" မုဒြာက သူဌေးရဲ့ ကိုယ်ရေးကိုယ်တာအကူမို့ အားလုံးစောင့်ရှောက်ပေးကြပါအုံး "
" ကိုလင်းရယ်...စိတ်ချပါ သူဌေးက သူဘေးထားတယ်ဆိုထဲက ကျွန်မတို့ သိပါတယ် သူနဲ့ စေ့စပ်...."
" မယု....စကားကျွံရင် နှုတ်ရခက်တယ်နော် "

Only She (တစ်ဉီးတည်းသောသူမ) Completed Where stories live. Discover now