မုနဲ့ဉီးရဲ့ အချစ်ရေးက နောက်တခါ ပြန်စတာကြောင့်လာတော့မသိ နှစ်ယောက်သား ပျော်ရွှင်မှုကိုရော နာကျင်စရာတွေကိုရော စိတ်ညစ်ဖွယ်ရာတွေကိုပါ မျှဝေခံစားလာခဲ့ကြပြီ။ သူငယ်ချင်းတွေကတော့ မုပြန်လာလို့ ဝမ်းသာကြပြီး အကြောင်းသိနေတဲ့ ဒါဒါကတော့ မုကိုတကယ့်လက်ဖျားခါခဲ့သည်။အခုရက်ပိုင်း ဉီးရဲ့ဒေါသကလည်း အရင်လောက်မဆိုးတော့ အရာရာတိုင်းက မုရဲ့ ထိန်းချုပ်မှုကြောင့် ပြောင်းလဲစပြုလာသည်။အခုလည်း စိုင်းဝေဆေးရုံဆင်းပြီး တောင်ကြီးပြန်ဖို့ကို မုကိုပါ မေမေတို့က လိုက်လာခိုင်းသည်မို့ လေဆိပ်ထိလိုက်ပို့တာတောင် ဉီးကအရင်လောက် သဝန်မတိုတော့။မုက သူ့တစ်မျက်နှာကိုသာ အချစ်လိုတွေးသည်ကို ကျေနပ်ပုံရသည်။ဘေးနားက စိုင်းဝေကတော့ ဉီးကို အမြင်မကြည်မြဲ။
" ဉီးရယ်... မုကို စိတ်မပူပါနဲ့ ဝေဝေလဲပါတာကို "
" စိတ်မချတာထက် မခွဲနိုင်တာ ကိုယ့်ကိုပါ အိတ်ထဲထည့်ခေါ်သွားပါလား "
" အမယ်လေး နွားအို မြက်နုကြိုက်တာပဲကြားဖူးတယ် နွားအို အချွဲကြိုက်တာတော့ မကြားဖူးပါဘူး... မုမု ငါ အရင်သွားနှင့်မယ် ဒီနားကလေထုတွေက ပိုးမွှားတွေနဲ့မို့ "
" ငါဒီလောက် ရိုက်ထားတာတောင် အဲ့ကောင်လေးက အချိုးမပြေဘူး မုကိုယ်ကို ပြောသွားတယ် ကြည့်အုံး မုမျက်နှာကြောင့်နော် မဟုတ်ရင် "
" သိပါတယ် စိတ်လျော့နော် ဉီးက Gentleman မလား "
" Gentleman လည်း မုကိုမခွဲနိုင်ဘူး "
" အဲ့တာဆို တောင်ကြီးက မုမိဘတွေဆီလာတွေ့ပြီး တစ်ခါထဲ လာတောင်းပါလား "
" အဲ့လိုလုပ်ရမလား "
" စတာ စနေတာ ဟားဟား "
" ဘယ်လောက်ကြာမှာလဲ "
" မသိသေးဘူး သင်တန်းဆင်းပွဲအမှီတော့ ပြန်လာမှာ မုမရှိတော့ လိမ်လိမ်မာမာနေရမယ်နော် အစားလဲသေချာစားရမယ် အထူးသဖြင့် ဆေးပြင်းလိပ်တွေ လျော့သောက်ရမယ်နော် အဲ့တာဆို မုသွားတော့မယ် "
" ချစ်တယ် မု "
" အရမ်းပဲ "ပြည်ပသွားမလိုကို အကြာကြီးမှာပြီး အနမ်းတွေတဖွဖွပေးပြီးမှ နှုတ်ဆက်ကြသည်။အောင်စစ်မှူးကတော့ မုကို တော်တော်နဲ့ လွတ်မပေးချင်။မလွတ်လို့ကလဲမရ လေယဉ်ချိန်နီးနေပြီမို့ လွတ်ပေးရသည်။မုကို ပို့ပြီး ကားပေါ်တောင်မတတ်ရသေး လွမ်းတဲ့ ရောဂါက စလာတော့သည်။
YOU ARE READING
Only She (တစ်ဉီးတည်းသောသူမ) Completed
Romanceပါဝင်သော အကြောင်းရာများမှာ စိတ်ကူးရင်သက်သက်သာ ဖြစ်ပါသည်။ အချစ်က ဘယ်လောက်အရေးပါလဲ ငါမသိဘူး ဒါမဲ့မင်းကတော့ ငါရဲ့ တစ်ဉီးတည်သောနဲ့ ပထမဆုံးသော သူ မင်းကိုငါမချုပ်နှောင်ဘူး မရုန်းနိုင်အောင်ပဲ ဆွဲဆောင်မှာမို့.......။