Only she ( Episode 1 )

40.1K 674 1
                                    

       လူအများပြား စည်ကားလျက်ရှိသော ကုန်တိုက်ဘေးက စျေးလမ်းဘက်ကို မိုးမျှော်တိုက်ကြီးရဲ့ ခေါင်မိုးထပ်ဆီကနေ ရိုင်ဖယ်သေနတ်ဖြင့် မောင်းချိန်လျက် အသင့်စောင့်ဆိုင်းနေသော အမျိုးသား။

" ဆရာ....ခဏနေ နောက်၅ မိနစ်နေရင် ပစ်မှတ်နေရာကို သားကောင်ရောက်ပါတော့မယ် "

" မကစားရတာ ကြာနေတဲ့ ငါလက်လေးတော့ အညောင်းပြေတော့မယ် "

     ြ သဇာအပြည့်ဖြင့် အံကိုကြိတ်၍ ပြောလျက်။နားမှာတပ်ထားသော နားကြပ်ဆီမှ အကြောင်းကြားသံဆုံးတာနဲ့ တပြိုက်နက် ရိုင်ဖယ်သေနတ်ရဲ့ မှန်ပြောင်းကို မျက်လုံးတစ်ဖက်မှိတ်ကာ သားကောင်းအလားကို စောင့်နေသည်။
ထိုအမျိုးသားမှာ ဇာမဏီ လက်နက်မှောင်ခိုဂိုဏ်းရဲ့ ခေါင်းဆောင် ဉီးအောင်စစ်မှူးသာ ဖြစ်သည်။
အသက် 35နှစ်ရှိပြီဖြစ်သောလည်း တရုတ်သွေးတဝက်နှောတာကြောင့် အသားဖြူဖြူ အရပ်မှာ6ပေကျော်၍ bodyတောင့်မှုကလည်း ပန်းပုထုထားသလို ရုပ်ရည်မှာလည်း လူမိုက်နှင့်မတူလောက်အောက် ရုပ်ဖြောင့်သူတစ်ဉီး။
ရုပ်နှင့်မလိုက်အောင် ရက်စက်တတ်သူဆိုလျှင်လည်း ပိုမှန်ပေလိမ့်မည်။
အခုလည်း သူရဲ့လက်နက်သွင်းစာရင်းကို လိမ်ပြီး ထွက်ပြေးနေသော လက်အောက်ငယ်သားကို အပြတ်ရှင်းရန်ဖြစ်သည်။
     သူစောင့်စားနေချိန်မှာပဲ ပစ်မှတ်နေရာကို  သားကောင်မဟုတ်ဘဲရောက်လာခဲ့သည် ဖုန်းပြောနေသည့် မိန်းကလေးတစ်ဉီး။
ခရမ်းနုရောင် ဂါဝန်ရှည်ဖြင့် လက်ထဲတွင် ပန်းစည်ကိုပိုက်လျက် အသားရည်ဝင်းနုကာ ပခုံးကျော်ပြီး လှိုင်းတွန့်ပုံ ဆံပင်လေးကို တဝက်စည်ကာ ပြုံးနေသော မိန်းကလေးရဲ့ မြင်ကွင်းက သူရဲ့သားကောင်ကိုတောင် လွတ်သွားစေခဲ့သည်။

" မိမုဒြာ.....မလာသေးဘူးလား "

" မေမေကလည်း.....မုမု လာနေပါပြီ လက်ဆောင်ဝင် ဝယ်နေတာကို "

" ငါမှလည်းအေ ပြန်သာပြန်ရမှာ ည ည်းကို စိတ်မချဘူး "

" ဒီမှာနေတာ 2နှစ်တောင်ရှိပြီဟာကို "

" 2နှစ်တွင်းမှာ ညည်းလုပ်ခဲ့တဲ့ဟာတွေလည်း ထည့်ပြောအုံး "

" တော်ပြီ မေမေ ဖုန်းထဲထိတော့ မပွားပါနဲ့တော့ အခုလာနေပြီ "

Only She (တစ်ဉီးတည်းသောသူမ) Completed Tempat cerita menjadi hidup. Temukan sekarang