နှစ်လသကရာဇ်တွေ၏ တရွေ့ရွေ့လျှောက်လှမ်းလာသော ကံတရားတွေက မုတို့ကို မိသားစုလေးတစ်ခု ဖန်တီးပေးခဲ့ပြီ။လက်ထပ်ပြီး နောက်နေ့ ြ သစတျေးလျကို ကျောင်းသွားတတ်တဲ့ မုနောက်ကို ဉီးကတော့ ခေါက်တုန့်ခေါက်ပြန်လာရတာအမော။တစ်လတွင် နှစ်ပတ်လောက်လာနေတတ်ပြီး မြန်မာအဒေါ်ကြီးတစ်ယောက်ကိုလည်း အဖော်ထားပေးထားသည်။ဉီးကတော့ Company အလုပ်ကိုဆက်လုပ်ပြီး ဇာမဏီဂိုဏ်းကိုတော့ ဉီးအဖေနဲ့ အကိုဖြစ်သူကပဲ ဆက်အုပ်ချုပ်ကြသည်။ဘယ်လောက်ပဲ အလုပ်များပါစေ ဉီးကတော့ မြန်မာနိုင်ငံနဲ့ ြ သစတျေးလျကို အိမ်ဉီးနှင့် ကြမ်းပြင်လို မြောင်းပေါက်မတတ်လာတတ်သည်။
အဲ့တာတွေကြောင့်ပဲ ကျောင်းပြီးဖို့ သုံးလအလိုမှာတော့ မုကိုယ်ဝန်လွယ်လိုက်ရသည်။ဘွဲ့ရတော့ ဗိုက်လေးပင် ထွက်နေသည်။ကလေးကိုတော့ ဆစ်ဒနီမြို့က ဆေးရုံမှာပဲ မွေးလိုက်ရ၏ ။ကိုယ့်ရင်သွေးလေးအား သွေးချွေးတွေနှင့် အားစိုက်မွေးချင်ပေမဲ့ မုနှလုံးခွဲစိတ်ထားရတာကြောင့် ခွဲမွေးလိုက်ရသည်။ဉီးကတော့ မွေးလာသော ရင်သွေးလေးမှာ သမီးလေးဖြစ်ပြီး ရုပ်ကော အသားကပါ သူနဲ့တူတော့ သမီးရှုးကိုဖြစ်လို့။သမီးလေးနာမည်ကို စစ်ဒြာမှူးလို့ ဉီးဒီပကိုယ်တိုင်မှည့်ပေးသည်။မုလည်း ဆရာတစ်ယောက်ဆီမှာအလုပ်သင် ဝင်လုပ်ရင်း သမီးလေးတစ်နှစ်လောက်မှ မြန်မာနိုင်ငံပြန်လာတော့သည်။
ကိုယ်နိုင်ငံရောက်တာနဲ့ ကိုယ်ပိုင် Brandထုတ်ဖို့ လုံးပန်းက သမီးလေးကို နှစ်ယောက်တလှည့်စီထိန်းကနဲ့ အချိန်တစ်နှစ်တောင် ဘယ်လိုကုန်မှန်းမသိခဲ့ချေ။အခုဆို မုတို့အိမ်ထောက်သက်က လေးနှစ်ဖြစ်ပြီး သမီးလေး စစ်ဒြာမှူးပင် နှစ်နှစ်သမီးဖြစ်ခဲ့ပြီ....။
" ဉီးရေ...ဉီးထတော့ "
" မုကိုယ့်ကို ယောကျာ်းလို့ ဘယ်တော့မှခေါ်မှာလဲ သမီးလေးရဲ့ ဖေဖေဖြစ်နေပြီ လူတွေက ကိုယ့်ကို ဉီးလေးလို့ထင်နေကြရင် ဘယ်လိုလုပ်မလဲ "
" မထင်စေရပါဘူး မဟုတ်တောင် ဒီနေ့TV Show မှာ ယောကျာ်းနဲ့ သမီးလေးရှိကြောင်း တိုင်းသိပြည်သိကြော်ငြာပေးမယ် ကျေနပ်တော့ "
ESTÁS LEYENDO
Only She (တစ်ဉီးတည်းသောသူမ) Completed
Romanceပါဝင်သော အကြောင်းရာများမှာ စိတ်ကူးရင်သက်သက်သာ ဖြစ်ပါသည်။ အချစ်က ဘယ်လောက်အရေးပါလဲ ငါမသိဘူး ဒါမဲ့မင်းကတော့ ငါရဲ့ တစ်ဉီးတည်သောနဲ့ ပထမဆုံးသော သူ မင်းကိုငါမချုပ်နှောင်ဘူး မရုန်းနိုင်အောင်ပဲ ဆွဲဆောင်မှာမို့.......။