ကိုလင်း၏ တင်ပြမှုတွင် လေဆိပ်၌ စကားပြောနေသောပုံများက စိုင်းဝေ၏ မရိုးသားသော မျက်လုံးများကိုသက်သေပြနေသည်။ထိုပုံများက ရောက်ရောက်ချင်း သူတို့ရှိရာဆီကို ဆိုင်းမဆင့် ဗုံမဆင့်ရောက်လာစေခဲ့သည်။ Cafe ထဲမှ လူများကလည်း မုတို့ဝိုင်းကိုသာ ကြည့်နေကြသည်။အားလုံးရဲ့အမြင်တွင် ရည်းစားပြိုင်လုနေသော ပွဲပင်။မုလည်း ရှက်လို့ ခေါင်းတောင်မဖော်ရဲ။စိုင်းဝေကလည်း ပေစောင်းစောင်းအကြည့်ဖြင့် သားရဲတစ်ကောင်၏ အကြည့်အား မရှောင်လွှဲခဲ့ပါ။ထိုအခြေနေကို ဖြေရှင်းနိုင်မည့်သူမှာ မုကလွဲ၍ မည်သူမျှမရှိ။မု ခြေဖျားလေး ထောကျကာ အောင်စစ်မှူးရဲ့ နက်ကတိုင်ကို ဆွဲပြီး နားထဲသို့ တီးတိုးပေးလိုက်တဲ့ စကားသဝဏ်လွာလေးက သားရဲကောင်မှ အိမ်မွေးခွေးလေးလို အသွင်ပြောင်းပေးလိုက်သည်။
" ဉီးရယ်.....မိတ်ဆက်ပေးမှာမို့ထိုင်ပါနော် မုဘယ်လောက်ချစ်တယ်ဆိုတာကို ယုံရင်း ဒီမှာတင်ရပ် လိုက်ပါနော် "
မုစကားကြောင့် အောင်စစ်မှူး ရန်သူကိုတောင် လက်ကမ်းကြိုဆိုခဲ့သည်။
" တွေ့ရတာ... ဝမ်းသားပါတယ် ကိုယ်က အောင်စစ်မှူးပါ မုရဲ့ ချစ်သူပါ "
" ကျွန်တော်က စိုင်းဝေပါ မုမုက ကျွန်တော်ရဲ့...တစ်ဉီးတည်းသော...သူငယ်ချင်းပါ "
" နှစ်ယောက်လုံးထိုင်ကြလေ...ဉီး ဝေဝေက မုအတွက် ကျောင်းကိစ္စ လာကူပေးတာ ဟုတ်တယ်နော် ဝေဝေ "
" ဟုတ်ပါတယ်... ကျွနတော်က မုမုကို ခေါ်သွားမှာလေ "
" ကျောင်းသွားတတ်ဖို့ပါ ဉီးရယ် "စိုင်းဝေရဲ့ အနှောင့်သွားမလွတ်တဲ့စကားတွေကြောင့် အောင်စစ်မှူးကလည်း ပညာသာပါပါ စကားဆိုခဲ့သည်။
" ကိုယ်က.... မုကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးပြီးသားပါ အချိန်တန်ရင်း ကိုယ်လှောင်အိမ်ကိုပဲ ပြန်လာမှာမို့လေ "
" ဉီး...ကအဲ့လိုပဲ ရုပ်တည်နဲ့ နောက်တာ...မု ဗိုက်ဆာပြီ မုန့်ဝယ်ကျွေး "
" ကျွေးရမှာပေါ့ ကိုယ့်မျောက်မလေးကို မုအတွက် Bubble Tea မှာပေးမယ် cakeကော "
" မုမုက....Bubble Teaသိပ်မကြိုက်ဘူး Green Tea ပိုကြိုက်တာ ဟုတ်တယ်မလား "
" ငါအခု Bubble Teaပဲ သောက်ချင်တယ် ဝေဝေ "
ESTÁS LEYENDO
Only She (တစ်ဉီးတည်းသောသူမ) Completed
Romanceပါဝင်သော အကြောင်းရာများမှာ စိတ်ကူးရင်သက်သက်သာ ဖြစ်ပါသည်။ အချစ်က ဘယ်လောက်အရေးပါလဲ ငါမသိဘူး ဒါမဲ့မင်းကတော့ ငါရဲ့ တစ်ဉီးတည်သောနဲ့ ပထမဆုံးသော သူ မင်းကိုငါမချုပ်နှောင်ဘူး မရုန်းနိုင်အောင်ပဲ ဆွဲဆောင်မှာမို့.......။