Only She ( Episode 17 )

11.3K 297 6
                                    

" ဟဲ့.... ဝေဝေ နောက်မှာ ဘာရပ်လုပ်နေတာလဲ သွားမယ်လေ "
" အေးပါ... ငါလာပါပြီ လေယာဉ်စီးရတာကြာတော့ ခြေထောင်ကျဉ်နေလို့ပါ "
" နင် ဒီမှာ ဘယ်လောက်ကြာကြာနေမှာလဲ "
" သုံးလလောက်ပေါ့ "
" နေစရာကရော..Hotel မှာပဲနေမယ်ဆို... တောင်ကြီးပြန် "
" မဟုတ်ပါဘူးဟာ ဟိုကမြန်မာသူငယ်ချင်းတစ်ယောက်က သူ့တိုက်ခန်းကို ခဏငှားပေးလိုက်တယ် "
" လိပ်စာရော "
" လိပ်စာက ဖုန်းထဲမှာမှတ်ထားတယ် အခန်းသော့လဲ ပေးလိုက်တယ် "

        နိုင်ငံရပ်ခြားမှာ ပညာသင်နေသော ရွှေဇွန်းကိုင်မွေးသည့် သားသမီးများမို့ သူတို့အတွက် ငွေကြေးပြဿနာကို အပူလိုမမှတ်။မုကတော့ သာမန်မိသားစုလေးကမို့ ကိုယ့်အရည်အချင်းကို အားပြုပြီးသာ ကြိုးစားနေရသည်။မုရဲ့ အိမ်မက်က ကိုယ်ပိုင် Brand ထုတ်နိုင်တဲ့ Designerတစ်ယောက်ဖြစ်ဖို့ပါ။အိမ်မက်တွေက စျေးကြီးလွန်းတာမို့ ပညာတော်သင်ဖြေပြီး တတ်ဖို့ကိုသာ တတ်နိုင်သည်။ဟိုနိုင်ငံမှာ ကျောင်းတတ်နေတဲ့ စိုင်းဝေကို အကူညီတောင်းချင်သောလည်း စီးပွားရေးမေဂျာယူထားတဲ့ သူအတွက် အရှုပ်ထုပ်မပေးချင်တာလည်းပါ၏ ။

" နင်...ငါကို ဒီလောက်အကြာကြီး ဘာလို့ ပြစ်ထားတာလဲ ငါအစ်မတွေကိုတောင် ဆက်သွယ်ပြီ "
" နင်က... ငါအတွက် အရေးပါတဲ့သူမို့ ငါကြိုးစားနေတာ နင်နဲ့ တွေ့ရင် အဆင်သင့်ဖြစ်အောင် "
" လေကတော့ အပေါ်ကမဆင်းဘူးနော် "
" နင်လဲ ငါကို....မပြောဘူးနော် ကျောင်းတတ်ဖို့လုပ်နေတာ မလတ်ပြောမှသိတာ "
" နင်ကို အပူမကပ်ချင်လို့ပါ...ငါဟာငါကြိုးစားချင်လို့ "
" တော်တော့ အခုတော့ ငါကို လိုက်ပို့ပေး...နောက်နှစ်ရက်လောက်နေရင် ငါနင်ကို အရေးကြီး ပြောစရာရှိတယ် "
" အေးပါဟယ်...ငါTaxiငှား ထားတယ် "

        မု စိုင်းဝေကို လိုက်ပို့ပေးပြီး အိမ်ပဲတန်းပြန်လာခဲ့သည်။ ဉီးကို ဖုန်းခေါ်ပေမဲ့ လေယာဉ်ပေါ်မှာပဲမို့လား မသိဖုန်းမကိုင်ချေ။မုလည်း တွေးရင်းဖြင့် မသွားခင်ပြောခဲ့သောပွဲအကြောင်း ခေါင်းထဲပေါ်လာသည်။လူချမ်းသာတွေရဲ့ ကျက်စားရာဆို မုရဲ့ အပြုမူတွေကြောင့် ဉီးထိခိုက်မည်ကို စိုးရိမ်တာကြောင့် တစ်ခုခုသိလိုသိငှား ကိုလင်းဆီ ဖုန်းဆက်လိုက်သည်။

Only She (တစ်ဉီးတည်းသောသူမ) Completed Hikayelerin yaşadığı yer. Şimdi keşfedin