Ep 2 (Zawgi)

62 2 0
                                    

ဒီနေ့ကတော့ ခန့်ခန့်တို့ကျောင်းစတတ်ရမယ့် ရက်ပါ။ ခန့်ခန့်တို့ သုံးယောက်က ငယ်ငယ်ထဲက အတန်းအတူတူတတ်ခဲ့တဲ့ အတန်းဖော် ဖြစ်ပြီး ခန့်ခန့်ကတော့လပိုင်းငယ်တဲ့ အငယ်ဆုံးလေးပါ။ ခန့်ခန့်ကို ဖေဖေက ဘဲ ငယ်ငယ်လေးထဲ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာ ခန့် မေမေကတော့ ခန့်မွေးပြီးချင်းမှာဘဲ ဆုံးသွားခဲ့ပြီ ။ ဖေဖေက နောက်အိမ်ထောင် တောင်မပြုဘဲ ခန့်ခန့်ကိုစောင့်ရှောက်ခဲ့တာ အခုချိန်ထိဘဲ ။ ဒါပေမယ့် ဖေဖေပြောတာတော့ တစ်ခုတော့ရှိတယ် အသက် ၁၉ ပြည့်ရင် ထူးဆန်းတဲ့ လက်ဆောင်ပေးမယ်လို့တော့ပြောဖူးတယ် ဘာလည်းတော့မသိဘူး။

ဒေါက် ဒေါက်

ခန့်ခန့်ရေ ခန့်ခန့်

ဟော် အတွေးလွန်နေတာနဲ့ ဘဲ ဟန်တို့ရောက်လာတာတောင်မသိလိုက်ဘူး။ အခန်းတံခါးကို အမြန်ဖွင့်မှ တော်ကြာနေ လာမဖွင့်ပေးရင် စာစာအသံက ပြောရတာမဟုတ်ဘူး။ ခုနှစ်အိမ်ကြား တဲ့ ထိအော်မှာ

လာပါပီ ခင်ဗျာ အဝတ်အစားလဲနေရင်းတန်းလမ်းဖြစ်နေလို့ပါ။

မားက မသိပါဘူး ခန့်ခန့်ဘာတွေ မဟုတ်က ဟုတ်က လုပ်နေတာလည်းလို့ 😅

ပြောတော့မယ်စာစာကတော့ 😒

ကဲပါ ကိုက်မနေနဲ့တော့ သွားမယ် ကျောင်းစတတ်တဲ့နေ့မှာ နောက်ကျနေမယ်။

ဟွန့်..

ဒါတောင်ခန့်ခန့်ကနှာမှုတ်နေသေးတယ်။ ဒီလိုနဲ့ ခန့်အဖေ က သုံးယောက်လုံးကို ကျောင်းလိုက်ပို့ပေးခဲ့သည်။

-----------------&----------------------------

တီ တီ တီ တီ

လှိုင်းတစ်ယောက်ကျောင်းသွားဖို့ အတွက် ရေချိုးပြီးတော့ ရေချိုးခန်းထဲက အထွက် ဖုန်းလာလို့ ကြည့်လိုက်တော့ ဇွဲသက် ဖြစ်နေတယ်

ပြော သားလေး

မင်းအိမ်ရှေ့ရောက်ပြီ

အိမ်ထဲဝင်လာတော့ မြွေကိုက်လို့လား

မင်း မပြီးသေးဘူးလားပြင်ဆင်တာ

ဟုတ်တယ် အခုမှ ရေချိုးပြီးတာ

ok ငါလာပြီ

ဇွဲတစ်ယောက် လှိုင်းတို့ခြံဝင်းထဲကို သူ့ရဲ့ ပြိုင်ကား အဝါလေးမောင်းပြီးဝင်လာခဲ့ လိုက်တယ်။

ကျွန်တော်နဲ့ လူဆိုးလေးNơi câu chuyện tồn tại. Hãy khám phá bây giờ