Ep 12 (Uni + Zawgi)

232 12 7
                                    

"ကိုကို ရော့ ချောကလက်ပူတင်း စားလို့ရပီ ”

"လာ ကိုကိုနဲ့တူတူ အောက်ထပ်ဆင်းရအောင် အောက်ရောက်မှစားမယ်လေနော် ”

ဟော ဒါလေးဘဲ ပြောရသေးတယ် နှုတ်ခမ်းလေးက ဆူလာပီ။ ဒီကလေးက အသဲယား စရာလေး ကွာ ။ သူလေးက အလိုမကျရင် နှုတ်ခမ်းအရင်ဆူပြတာ ပြီးမှ သူဘာကြောင့် နှုတ်ခမ်းဆူနေလည်း ဆိုတာ ကို ပြောတော့ သည်။ အခုလည်း သူ့ကို ကိုကိုအခန်းထဲမှာ မနေစေချင်လို့ နှင်ထုတ်နေတာလားတဲ့ ဉီးနှောက်သေးသေး လေးနဲ့ ပေါက်ကရတွေတွေးတော့မယ် ဒီကလေး ကတော့လေ။

"ကလေးလေးက ကိုကိုအခန်းမှာဘဲ နေချင်လို့လားဟင်”

"ဟုတ်တယ် ကိုကိုက မထားချင်ဘူးလား ”

" ထားချင်တာပေါ့ ကလေးလေးရဲ့ အခုက မုန့်စားပီး အောက်ထပ်က ပန်းခြံလေး ထဲမှာ ဆော့ လို့ရအောင်လို့လေ ဘာလဲ ကလေးလေးက ကိုကိုနဲ့ မဆော့ဘဲ ဒီအခန်းထဲမှာ ဘဲ နေခဲ့တော့မလို့လား ပြော ”

"ဟင့်အင်း ကိုကိုနဲ့ဆော့မှာ”

"ဒါဆို လာ အောက်ဆင်းရအောင်နော် ”

"ဟူတ်ကိုကို ရော့ မောနီးကစ်” ဆိုပြီး လှိုင်းပါးကို နမ်းလိုက်သည်။ လှိုင်းလည်း ကလေးလေးရဲ့ ပါး ဖောင်းဖောင်းလေးကို  ပြန်နမ်းလိုက်ပြီး အောက်ထပ်ကို ဆင်းလာသည်။ အောက်ထပ်ရောက်မှ ကလေးယူလာတဲ့ ချောကလက်ပူတင်းလေးရယ် ဉီးတင့်က နွားနို့လေး နှစ်ခွက် လာချပေးသည်။ သူနဲ့ ကလေးလေး အတူတူသောက်ပြီးတော့ ချောကလက်ပူတင်းလေး နဲ့ မနက်စာကို စားလိုက်သည်။ ထို့နောက် ​လှိုင်းတို့ အိမ်ရဲ့ ခြံလေးထဲမှာဘဲ ဒယ်ဒီတို့က ဆော့လို့ရအောင် နေရာလေးလုပ်ပေးထားသည်။

"ကိုကို သားသားကို ပူးပေါင်းလေးမှုတ်ပေးပါလား ”

"ပေးကိုကိုမှုတ်ပေးမယ်နော် ”

" ကိုကို ချစ်တယ် မွ”

"ကလေးဘေး ပူပေါင်းမှုတ်ပေးလို့ ချစ်တာလား ” လို့မေးတော့ "ဟုတ်ဝူးကို ကိုကို မို့လို့ ချစ်တာ, အာဘွားပေးတာပူပေါင်း မှုတ်ပေးလို့  ”တဲ့ အလည်လေး ကိုကိုကလည်း ချစ်ပါတယ် ။ အဲ့ နေဉီး ဒီကလေးက ဘာလည်း သူ့လိုချင်တာကို လုပ်ပေးတဲ့ သူတိုင်းကို နမ်းနေတာလား မဖြစ်သေးပါဘူး ပုစိလေးရေ မင်းကိုတော့ ကိုကိုပြောရတော့မယ်......

You've reached the end of published parts.

⏰ Last updated: Mar 31, 2022 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော်နဲ့ လူဆိုးလေးWhere stories live. Discover now